မင်းအောင်လှိုင်၏ ရာဇဝတ်မှုများကို နှုတ်ဆိတ်နေသည့် အာဆီယံဥက္ကဌနှင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ထိုင်းလွှတ်တော်အမတ် မေးခွန်းထုတ်
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်သူများအား နေ့စဉ့်ဗုံးကြဲသတ်ဖြတ်နေသည့် လုပ်ရပ်ကို အာဆီယံဥက္ကဌ မလေးရှားဝန်ကြီးချုပ်နှင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်တို့က နှုတ်ဆိတ်နေသည့်အပေါ် ထိုင်းလွှတ်တော် အမတ်တစ်ဦးက မေးခွန်းထုတ်လိုက်သည်။ ထိုင်းလွှတ်တော် အမတ် Kannavee Suebsang သည် ယနေ့ ဧပြီ ၁၉ ရက်နေ့က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် မေးခွန်းထုတ်လိုက်ခြင်း ဖြစ်သည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အာဆီဥက္ကဌ မလေးရှားဝန်ကြီးချုပ်၊ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်တို့သည် ဘန်ကောက်မြို့တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တွေ့ဆုံခဲ့ကြပြီး မြန်မာနိုင်ငံ အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။ ထိုင်းလွှတ်တော်အမတ် Kannavee Suebsang က “မလေးရှားဝန်ကြီးချုပ်နဲ့ သက်ဆင်တို့ဟာ စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်နဲ့ လက်ဆွဲနှုတ်ဆက်ခဲ့တယ်။ မင်းအောင်လှိုင်ရဲ့ မြန်မာပြည်သူတွေအပေါ်
တိုက်ပွဲပြင်းထန်နေသည့် ကျောက်ဖြူအခြေအနေကို ရခိုင် ရေနံ စောင့်ကြည့်ရေး အဖွဲ့ အစီရင်ခံစာ ထုတ်
အာဏာသိမ်း စစ်ကောင်စီနှင့် အာရက္ခတပ်တော် AA တို့ တိုက်ပွဲဖြစ်ပွားနေသည့် ကျောက်ဖြူမြို့နယ်တွင် ပဋိပက္ခများ တောက်လောင်နေသည်ဟု ရခိုင် ရေနံ စောင့်ကြည့်ရေး အဖွဲ့ အစီရင်ခံစာထုတ် ယနေ့တွင် ထုတ်ပြန်သည်။ ကျောက်ဖြူမြို့နယ်၏ နေရာအများစုကို AA က သိမ်းပိုက်ထားပြီး ကျန်ရှိနေသည့် စစ်ကောင်စီတပ် စခန်းများနှင့် မြို့တစ်ခုလုံး သိမ်းပိုက်ရရှိနိုင်ရန် AA က ထိုးစစ်ဆင် တိုက်ခိုက်နေသည်ဟု ရခိုင် ရေနံ စောင့်ကြည့်ရေး အဖွဲ့ က ဆိုသည်။ ကျောက်ဖြူဒေသမှာရှိသော ရေနံနှင့် သဘာဝဓာတ်ငွေ့စီးမံကိန်းများမှ စစ်ကောင်စီ နှစ်စဉ်ရရှိနေသော ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၇ ဘီလီယံ ဝင်ငွေမှာ AA ၏ ထိုးစစ်ကြောင့် ခြိမ်းခြောက်မှု
အမေရိကန်နောက်ခံဖြင့် ဘင်္ဂလားဒေ့ရှ်က စစ်ရေးကူညီပေးမည့်ကိစ္စ ချင်းအမျိုးသားတပ်ဦး CNF ရှင်းလင်း
အမေရိကန်နိုင်ငံ၏ ကျော့ထောက်နောက်ခံဖြင့် ဘင်္ဂလားဒေ့ရှ်စစ်တပ်က ချင်းအမျိုးသားတပ်ဦး CNF နှင့် အာရက္ခတပ်တော် AA တို့ကို စစ်ကောင်စီအား တိုက်ခိုက်ရန် စစ်ရေးကူညီဆောင်ရွက်ပေးမည်ဟု အိန္ဒိယသတင်းဌာနတစ်ခုက ထုတ်လွှင့်ထားသည်။ အိန္ဒိယအခြေစိုက် Northeast News သတင်းဌာနက ဧပြီလ ၁၅ ရက်နေ့တွင် အဆိုပါကိစ္စကို ထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။ ထိုသတင်းကြောင့် မြန်မာတော်လှန်ရေးအင်အားစုများနှင့် ပြည်သူများကြားတွင် ပြောဆိုမှု များပြားခဲ့ပြီးနောက် အိန္ဒိယအစိုးရကလည်း ချင်းအမျိုးသားတပ်ဦး CNF ကို မေးမြန်းမှုရှိခဲ့သည်ဟု ပြောခွင့်ရ ဆလင်းထက်နီးက ပြောသည်။ ယနေ့ ဧပြီလ ၂၁ ရက်နေ့ CNF/CNA နှင့် CDF-KKG တို့ အွန်းလိုင်းမှပြုလုပ်သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် CNF ပြောခွင့်ရ ဆလိုင်းထက်နီး က
ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်
သက်တော် ၈၈နှစ်အရွယ် ရှိသော ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ဧပြီ ၂၁ ရက် ရောမစံတော်ချိန် မနက် ၇ နာရီ ၃၅ မိနစ်မှာ ကွယ်လွန်သွားပြီ ဖြစ်ကြောင်း ဗာတီကန် နန်းတော်က ယနေ့ ထုတ်ပြန်လာသည်။ ရိုမန်ကက်သလစ် ဘာသာဝင်များ၏ အထွတ်အမြတ်ထားရာ အီစတာပွဲတော်ကာလတွင် ကွယ်လွန်သွားခြင်း ဖြစ်သည်ဟု ဗာတီကန် နန်းတော်ဘဏ္ဍာထိန်း ကာဒီနယ် ကီဗင်ဖားရဲလ်က ထုတ်ပြန်သည်။ ပုပ်ရဟန်းမင်းကြီးသည် ဖရန်စစ်အာဂျင်တီးနားနိုင်ငံက ဖြစ်ပြီး တောင်ကမ္ဘာခြမ်းနှင့် အမေရိကတိုက်များကနေ တင်မြှောက်ခံရသော ပထမဆုံး ပုပ်ရဟန်းမင်းကြီး ဖြစ်သည်။ နာတာရှည် အဆုတ်ရောင်ခံစားနေခဲ့ရသော ပုပ်ရဟန်းမင်းကြီးဟာ ပြီးခဲ့တဲ့ ဖေဖာ်ဝါရီလ မှာလည်း အဆုတ်ရော ရောဂါကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ဝေဒနာများ
စစ်ကောင်စီကြောင့် တစ်လအတွင်း အမျိုးသမီး ၆၀ ကျော် သေဆုံး
အာဏာသိမ်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ၂၀၂၅ မတ်လ တစ်လအတွင်း အမျိုးသမီး ၆၆ ဦး သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူ ၈၈ ဦးရှိသည်ဟု မြန်မာ့အမျိုးသမီးသမဂ္ဂ BWU က ဧပြီလ ၁၆ ရက်တွင် ထုတ်ပြန်ထားသည်။ စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ၅၀ ဦးနှင့် ပြည်သူများ၏ ရွာနှင့်နေအိမ်များအား ပစ်မှတ်ထား လက်နက်ကြီးပစ်ခတ်မှုကြောင့် ၅ ဦး သေဆုံးသွားကြောင်း BWU က ထုတ်ပြန်ထားသည်။ ယင်းအပြင် မြေမြှုပ်မိုင်းကြောင့် ၂ ဦး၊ အကြမ်းဖက်စစ်တပ်၏ သတ်ဖြတ်မှုကြောင့် ၇ ဦး၊ မီးရှို့သတ်ဖြတ်မှုကြောင့် ၁ ဦးနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုကြောင့် ၁ ဦးလည်း
ငလျင်ကြောင့် မန္တလေးအိုးဘိုထောင်တွင် ထိခိုက်သေဆုံးသူ ၃၀၀ ကျော်ရှိ
စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်တို့တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် မန္တလေးအိုးဘို အကျဉ်းထောင်မှ အကျဉ်းသား ၃၀၀ ကျော် ထိခိုက် သေဆုံးခဲ့ကြောင်း သိရသည်။ ငလျင်ကြောင့် သေဆုံးသူ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၃၀ ဦးထက်မနည်းရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၈၀ ဦးကျော်ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) အပါအဝင် အဖွဲ့အစည်း ၇ ခုက ဧပြီလ ၂၀ ရက်က ထုတ်ပြန်သည်။ သေဆုံးသူ ၃၀ ဦးထဲတွင် နိုင်ငံရေးအကျဉ်းသား ၁၀ ဦး၊ နိုင်ငံရေးအကျဉ်းသူ ၁၀ နှင့် အခြားသော အကျဉ်းသား ၁၀ ဦးပါဝင်သည်ဟု သိရသည်။ ဧပြီလ ၁၆ ရက်နေ့