စစ်ကောင်စီသည် အပစ်အခတ်ရပ်စဲရေး ကြေညာချက်ကို မလေးစားဘဲ ရခိုင်ပြည်ကို ၄၀၉ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ဟု AA ပြော
စစ်ရေး သတင်း
1 min read
0

စစ်ကောင်စီသည် အပစ်အခတ်ရပ်စဲရေး ကြေညာချက်ကို မလေးစားဘဲ ရခိုင်ပြည်ကို ၄၀၉ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ဟု AA ပြော

ဧပြီ ၂၅ - ၂၀၂၅
0

အာဏာသိမ်း စစ်ကောင်စီ အပစ်ရပ်ခဲ့သည့် ဧပြီလ ၂ ရက်မှ ၂၂ ရက်နေ့အထိ ရက် ၂၀ အတွင်း ရခိုင်ပြည်ကို ပစ်ခတ်တိုက်ခိုက်မှု ‌‌‌‌‌၄၀၉ ကြိမ် ပြုလုပ်ခဲ့သည်ဟု အာရက္ခတပ်တော် AA ၏ HDCO က ဧပြီလ ၂၄ ရက်တွင် ထုတ်ပြန်သည်။ မြန်မာနိုင်ငံမှာ ပြင်းအား ၇.၇ ငလျင်လှုပ်ကြောင့် စစ်ကောင်စီသည် လူသားချင်းစာနာမှု အကူညီ ဝင်ရောက်နိုင်ရေးတွက် အပစ်အခတ်ရပ်ဆဲရေးကို ရက်၂၀ ကြာ အပစ်ရပ်ကြောင်း ကြေညာထားသော်လည်း လေးစားလိုက်နာမှုမရှိဘဲ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ ကျောက်ဖြူ၊ တောင်ကုတ်၊ ကျောက်တော်၊ စစ်တွေနှင့် ပေါက်တောမြို့တို့ကို လေကြောင်းတိုက်ခိုက်မှု၊ ရေတပ်စစ်သင်္ဘောများမှ ပစ်ခတ်ခြင်းနှင့် လက်နက်ကြီးများတို့ဖြင့်

Continue Reading
စစ်ကောင်စီက အပစ်ရပ်ကြေညာပြီးနောက် ရခိုင် ကျောက်ဖြူကို ဒရုန်းဖြင့်ဗုံးကြဲ(စစ်ဘေးရှောင် တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရ)
စစ်ရေး သတင်း
1 min read
0

စစ်ကောင်စီက အပစ်ရပ်ကြေညာပြီးနောက် ရခိုင် ကျောက်ဖြူကို ဒရုန်းဖြင့်ဗုံးကြဲ(စစ်ဘေးရှောင် တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရ)

ဧပြီ ၂၅ - ၂၀၂၅
0

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် ရေနံတောင်ကျေးရွာကို စစ်ကောင်စီက ဧပြီလ ၂၄ ရက် နေ့လယ်ပိုင်းတွင် အသေခံဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ စစ်ဘေးရှောင်ပြည်သူ ၁ ဦးသေဆုံးပြီ ၁ ဦး ဒဏ်ရာရရှိသွားသည်။ ငလျင်အကြောင်းပြု၍ ယာယီအပစ်ရပ်ကာလ စစ်ကောင်စီက သက်တမ်းတိုးသည့် နောက်တစ်ရက်မှာ ရခိုင်ပြည် ကျောက်ဖြူမြို့က အရပ်သားကျေးရွာများကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ စစ်ကောင်စီ၏ အသေခံဒရုန်းဗုံးကြဲမှုကြောင့် ရေနံတောင်ကျေးရွာမှာ စစ်ဘေးရှောင်နေသော ကုလဘာရွာက အသက် ၂၆ နှစ်အရွယ် ဒေါ်မယာဉ်နု မှာ သေဆုံးခဲ့ရပြီး အသက် ၇၆ နှစ်အရွယ် ဦးလှစံမှာ ဒဏ်ရာရရှိသွားသည်။ စစ်ကောင်စီက ရေနံတောင်ကျေးရွာကို နေ့လယ် ၂ နာရီ ၅၆ မိနစ်မှာ တစ်ကြိမ်၊

Continue Reading
ရှမ်းပြည်တပ်မတော် တည်ထောင်ခြင်း ၆၁ နှစ်ပြည့် အခမ်းအနားကျင်းပ
စစ်ရေး ဓါတ်ပုံသတင်း သတင်း
1 min read
0

ရှမ်းပြည်တပ်မတော် တည်ထောင်ခြင်း ၆၁ နှစ်ပြည့် အခမ်းအနားကျင်းပ

ဧပြီ ၂၅ - ၂၀၂၅
0

ရှမ်းပြည်တပ်မတော် (SSA) တည်ထောင်ခဲ့ခြင်း (၆၁) နှစ်ပြည့် အခမ်းအနားကို ယနေ့ ဧပြီလ (၂၄) ရက်နေ့မှာ ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဗဟိုဌာနချုပ်၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ (SSPP/SSA) တို့က ဂုဏ်ပြုသဝဏ်လွှာ များပေးပို့ခဲ့ကြသည်။ ယင်းအပြင် ရှမ်းပြည်တပ်မတော် (SSA) တွင် ငွေရတု ရွှေရတု ဆုချီးမြှင့်ရန် ထိုက်တန်သူများအချို့အား ဆုချီးမြှင့်ပေးခဲ့ပြီးနောက် စစ်ကြောင်း (၁၇) ကြောင်း စစ်အင်အား (၃၀၀၀) ဦးကျော်ခန့်က စစ်ရေးပြခဲ့ကြသည်။ ထိုအခမ်းအနားကို ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နာယက ဗိုလ်ချုပ်ကြီး စေထင် ဦးဆောင်သည့် ဗဟိုကော်မတီဝင်များ၊

Continue Reading