နိုင်ငံရေးဖိအားများကြောင့် လားရှိုးမြို့မှ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း MNDAA ပြော
စစ်ရေး သတင်း
1 min read
0

နိုင်ငံရေးဖိအားများကြောင့် လားရှိုးမြို့မှ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း MNDAA ပြော

ဧပြီ ၂၆ - ၂၀၂၅
0

ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားသော လားရှိုးမြို့အား နိုင်ငံရေးဖိအားများ‌ကြောင့် အာဏာသိမ်း စစ်ကောင်စီထံ ပြန်လည်ပေးအပ်ခဲ့ရကြောင်း ကိုးကန့်သတင်းက ယနေ့ ဧပြီ ၂၆ ရက်နေ့တွင် ဖော်ပြသည်။ တရုတ် အကူအညီဖြင့် လားရှိုးမြို့အား ပြန်ထိန်းချုပ်တော့မည့် စစ်ကောင်စီသည် ဧပြီလ ၂၂ ရက်‌နေ့က ကားအစီးရေ ရာချီဖြင့် မြို့ထဲသို့ ပြန်လည် ဝင်ရောက်လာခဲ့သလို ကနဦး သဘောတူညီချက်အရ လားရှိုးမြို့ပေါ် ရပ်ကွက် ၁၂ ခု ပြန်လည်အုပ်ချုပ်သွားမည် ဖြစ်သည်။ တရုတ်အစိုးရ၏ ကြားဝင်ဆောင်ရွက်မှုနှင့် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၈ ရက်နေ့က ကူမင်းဆွေးနွေးပွဲမှာ စစ်ကောင်စီနှင့် MNDAA တို့ အပစ်အခတ်ရပ်စဲဖို့ သဘောတူညီခဲ့ကြသည်။ လားရှိုးမြို့ခံအချို့သည် စစ်ကောင်စီတပ် အများအပြားဝင်ရောက်လာသည်ကို

Continue Reading
အင်းစိန်ထောင်တွင် ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂက မဝတ်ရည်အောင် ကျန်းမာရေး အခြေအနေ စိုးရိမ်ရ
ကျန်းမာရေး သတင်း
0 min read
0

အင်းစိန်ထောင်တွင် ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂက မဝတ်ရည်အောင် ကျန်းမာရေး အခြေအနေ စိုးရိမ်ရ

ဧပြီ ၂၆ - ၂၀၂၅
0

အင်းစိန်အကျဉ်းထောင်တွင် မတရား ဖမ်းဆီးခံထားရသော ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် မဝတ်ရည်အောင် ကျန်းမာရေး အခြေအနေ စိုးရိမ်နေရကြောင်း သိရသည်။ စစ်ကြောရေးမှာ မတရားညှဉ်းပန်း နှိပ်စက်ခံခဲ့ရမှုကြောင့် ဦးခေါင်းအတွင်းဒဏ်ရာရရှိပြီး မကြာခဏ သတိလစ်ခြင်း၊ တက်ခြင်း၊ နှလုံးရပ်ခြင်းများ ဖြစ်ပေါ်နေသော်လည်း အရေးပေါ် ရောက်မှသာ ဆေးရုံသို့ ပို့ဆောင်ပေးကြောင်း သိရသည်။ ဧပြီ ၂၅ ရက်နေ့ ညတွင်လည်း ကျန်းမာရေးစိုးရိမ်ရ၍ ထပ်မံအင်းစိန်ဆေးရုံသို့ အရေးပေါ်ပို့ဆောင်လိုက်ရပြီး တိကျသေချာသော ဆေးဝါးစောင့်ရှောက်ခွင့် မရရှိကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ပြောသည်။ မဝတ်ရည်အောင်ကို ၂၀၂၁ခုနှစ် စက်တင်ဘာလ၊ ၁၄ရက်နေ့ ကတည်းက စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မတရားပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် (၃)

Continue Reading
KNU ပို့မည် လက်နက်များကို ဘန်ကောက်မှာ ထိုင်းရဲတပ်ဖွဲ့ ထပ်မံ ဖမ်းဆီး
စစ်ရေး သတင်း
1 min read
0

KNU ပို့မည် လက်နက်များကို ဘန်ကောက်မှာ ထိုင်းရဲတပ်ဖွဲ့ ထပ်မံ ဖမ်းဆီး

ဧပြီ ၂၆ - ၂၀၂၅
0

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ လတ်စီခရိုင် ထုန်းဆုန်ဟုန်မြို့နယ်က ကွန်ဒိုမီနီယံအခန်းတစ်ခုတွင် ကရင်အမျိုးသားအစည်းအရုံး KNU ပို့မည့် လက်နက်ခဲယမ်းများကို ဧပြီလ ၂၅ ရက်နေ့တွင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။ ထုန်းဆုန်ဟုန်မြို့နယ် ချိန်ဝပ်ထနာ ၁၂ လမ်းသွယ် ၂ ရှိ ကွန်ဒိုမီနီယံအခန်းတစ်ခုတွင် စစ်လက်နက်များ သိုဝှက်ထားသည်ဟူသော သတင်းအရ ထုန်းဆုန်ဟုန်ရဲစခန်းမှ ဝင်ရောက်စီးနင်းရှာဖွေခဲ့ရာတွင် လက်နက်နှင့် ကျည်ကတ် အမြောက်အများကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ကွန်ဒိုမီနီယံအခန်းတွင် နေထိုင်သူသည် ဧပြီလ ၁၂ ရက်နေ့ကစ၍ အခန်းမှထွက်ခွာသွားပြီး ယခုအချိန်ထိ ပြန်မလာသေးကြောင်း ကွန်ဒိုအဆောက်အဦး၏ တာဝန်ရှိသူက ပြောကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။ ဧပြီ ၂၃ ရက်‌နေ့က ချင်းမိုင်ခရိုင်၊

Continue Reading
ကျောက်ဖြူကို စစ်ကောင်စီ ဒရုန်းနှင့် ဗုံးကြဲ၍ အမျိုးသမီး ၃ ဦး ထပ်မံ သေဆုံး
စစ်ရေး သတင်း
1 min read
0

ကျောက်ဖြူကို စစ်ကောင်စီ ဒရုန်းနှင့် ဗုံးကြဲ၍ အမျိုးသမီး ၃ ဦး ထပ်မံ သေဆုံး

ဧပြီ ၂၆ - ၂၀၂၅
0

ရခိုင်ပြည် ကျောက်ဖြူမြို့နယ်မှ ကျေးရွာများကို ဧပြီလ ၂၅ ရက်တွင် စစ်ကောင်စီက ဒရုန်းနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ သားအမိနှစ်ဦး အပါအဝင် နောက်ထပ်အမျိုးသမီးတစ်ဦး စုစုပေါင်း ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ စစ်ကောင်စီသည် ကျောက်ဖြူမြို့နယ် လိပ်ခမော်ကျေးရွာကို နံနက် ၁၀ နာရီအချိန်ခန့်တွင် ဒရုန်းနှင့် ၅ ကြိမ်တိတိ ဗုံး ၈ လုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။ ကျောက်ဖြူ ဒေသခံတစ်ဦးက “တိုက်ပွဲဖြစ်တာ မရှိဘဲ ဒီအတိုင်း လာကြဲတာပါ။ တစ်အိမ်တည်းမှာနေတဲ့ သားမိနှစ်ယောက် ဆုံးသွားပါတယ်။ နောက်ထပ် အမျိုးသမီးတစ်ယောက် ဆုံးပါတယ်။ စုစုပေါင်း သုံးယောက်ပါ။ အခုကျေးရွာလူတွေ တော်တော်များများ အကုန် ထွက်ပြေးနေကြပါတယ်”ဟုပြောသည်။

Continue Reading