ကျောင်းသားလက်ရုံးတပ်တော် ၄ နှစ်ပြည့်နှင့် လက်နက်တပ်ဆင်ခြင်း အခမ်းအနား ကျင်းပ
စစ်ရေး သတင်း
0 min read
0

ကျောင်းသားလက်ရုံးတပ်တော် ၄ နှစ်ပြည့်နှင့် လက်နက်တပ်ဆင်ခြင်း အခမ်းအနား ကျင်းပ

ဧပြီ ၂၇ - ၂၀၂၅
0

ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော် (၄) နှစ်ပြည့် တပ်တော်နေ့ အထိမ်းအမှတ် အခမ်းအနား ပြုလုပ်ခြင်းနှင့် လက်နက်တပ်ဆင်ခြင်း အခမ်းတစ်ရပ်ကို ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ယနေ့ ဧပြီလ ၂၇ ရက်တွင် ကျရောက်သော (၄) နှစ်ပြည့် တပ်တော်နေ့ အထိမ်းအမှတ် အခမ်းအနားကို ဗဟိုဌာနချုပ်နယ်မြေတွင် ပြုလုပ်ကျင်းပခဲ့ကြောင်း ကျောင်းသား လက်ရုံးတပ်တော်က ယနေ့တွင် ထုတ်ပြန်သည်။ အခမ်းအနားတွင် ထုတ်ပြန်ကြေညာချက်ဖတ်ကြားခြင်း၊ စစ်ဦးစီးချုပ် မိန့်ခွန်းပြောကြားခြင်း၊ မွမ်းမံသင်တန်းဆင်းခြင်းနှင့် လက်နက်တပ်ဆင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက် အရ သိရသည်။

Continue Reading
AA ထိန်းချုပ်နယ်မြေများသို့ လူ ပို့သည့် ပွဲစားများကို စစ်ကောင်စီ ဖမ်းဆီး၊ နောက်ထပ် ပွဲစားများကို အပူတပြင်း လိုက်လံရှာဖွေနေ
စစ်ရေး သတင်း
1 min read
0

AA ထိန်းချုပ်နယ်မြေများသို့ လူ ပို့သည့် ပွဲစားများကို စစ်ကောင်စီ ဖမ်းဆီး၊ နောက်ထပ် ပွဲစားများကို အပူတပြင်း လိုက်လံရှာဖွေနေ

ဧပြီ ၂၇ - ၂၀၂၅
0

စစ်တွေဒေသခံများကို အာရက္ခတပ်တော် AA ထိန်းချုပ်နယ်မြေသို့ ပို့ဆောင်ပေးသည့် ပွဲစားများကို စစ်ကောင်စီက ဖမ်းဆီးထားပြီး နောက်ထပ် ပွဲစားများကို အပူတပြင်း လိုက်လံရှာဖွေနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဧပြီ ၂၂ ရက်နေ့က စစ်တွေဒေသခံများသည် AA ထိန်းချုပ်ထားသော မြို့နယ်များကို သွားရောက်ရန် ပြင်ဆင်နေချိန်တွင် တိုင်းကြား ခံရမှုကြောင့် စစ်ရှောင် ၃၀ ကျော် ဖမ်းဆီးခံရခြင်း ဖြစ်သည်။ ယင်းနောက် ပို့ဆောင်သူများကို စစ်ကောင်စီက ဖမ်းဆီးထားပြီး နောက်ထပ် ပွဲစားအဖွဲ့များကို စစ်ကောင်စီက စစ်တွေမြို့အတွင်း အပူတပြင်း လိုက်လံ ရှာဖွေနေကြောင်း ဖမ်းဆီးခံရပြီး ပြန်လည် လွတ်မြောက်လာသူများက ပြောသည်။ ပြန်လည် လွတ်မြောက် လာသူတစ်ဦးက “ပွဲစားတွေကို ဖမ်းထားတယ်။

Continue Reading