မွတ်ဆလင်များအတွက် ရခိုင်ပြည်ကို ပြည်နယ် ထူထောင်ပေးရန် ဘင်္ဂလားဒေ့ရှ်ပါတီ အဆိုပြု
ဒုက္ခသည်အရေး သတင်း
1 min read
0

မွတ်ဆလင်များအတွက် ရခိုင်ပြည်ကို ပြည်နယ် ထူထောင်ပေးရန် ဘင်္ဂလားဒေ့ရှ်ပါတီ အဆိုပြု

ဧပြီ ၂၈ - ၂၀၂၅
0

မွတ်ဆလင်လူမျိုးများအတွက် ရခိုင်ပြည်ကို သီးခြားလွတ်လပ်သော ပြည်နယ်ထူထောင်ပေးရန် တရုတ်ကွန်မြူနစ်ပါတီနှင့်တွေ့ဆုံစဉ် ဘင်္ဂလားဒေ့ရှ်၏ အကြီးဆုံးပါတီဖြစ်သော JLB က အဆိုပြုတောင်းဆိုလိုက်သည်။ တရုတ်ကွန်မြူနစ်ပါတီ CCP မှ ကိုယ်စားလှယ်များနှင့် ဘင်္ဂလားဒေ့ရှ် အကြီးဆုံးပါတီ ဂျာမတ်-အီ-အစ္စလာမီ JLB ပါတီတို့ ယမန်နေ့ ဧပြီလ ၂၇ ရက်တွင် ဒါကာမြို့၌ တွေ့ဆုံကြစဉ် JLB ဘက်မှ တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မွတ်ဆလင်လူဦးရေ ၁ ဒသမ ၂ သန်းကျော်ရှိပြီး ရခိုင်ပြည်ထဲတွင်လည်း မွတ်ဆလင်များရှိနေကာ လူသားမဆန်သော လုပ်ရပ်များအတွက် အစားအသောက်နှင့် အမိုးအကာများ ပေးနေခြင်းမှာ ပြဿနာ၏ အဖြေမဟုတ်ကြောင်း JLB က ပြောသည်။ ထိုကြောင့် ပြဿနာ၏ ဖြေရှင်းနည်းဖြစ်သော မွတ်ဆလင်များအတွက်

Continue Reading
ရခိုင်မှာ တစ်လကျော်အတွင်း စစ်ကျန်ဗုံးသီးနှင့် မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၂ ဦးနှင့် ခြေထောက်ပြတ်ပြီး ဒဏ်ရာရရှိသူ ၁၇ ဦးရှိ
စစ်ရေး သတင်း
1 min read
0

ရခိုင်မှာ တစ်လကျော်အတွင်း စစ်ကျန်ဗုံးသီးနှင့် မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၂ ဦးနှင့် ခြေထောက်ပြတ်ပြီး ဒဏ်ရာရရှိသူ ၁၇ ဦးရှိ

ဧပြီ ၂၈ - ၂၀၂၅
0

အာရက္ခတပ်တော် AA သိမ်းပိုက်ထားသော ရခိုင်ပြည်က မြို့နယ်များတွင် မြေမြှုပ်မိုင်းများနှင့် စစ်ကျန်ဗုံးသီးများကြောင့် ၃၃ ရက်အတွင်းမှာ အရပ်သားပြည်သူ ၂ ဦးသေဆုံးပြီး ခြေထောက်ပြတ်ပြီး ပြင်းထန်ဒဏ်ရာရနေသူ ၁၇ ဦးရှိကြောင်း သိရသည်။ စစ်ကျန်လက်နက်ပစ္စည်းများနှင့် မြေမြှုပ်မိုင်းကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးသူများအား Western News မှ ၂၀၂၅ မတ်လ ၂၆ ရက်ကနေ ယနေ့ ဧပြီလ ၂၇ ရက်နေ့အထိ စုစည်းထားချက် စာရင်းအရ သိရသည်။ ယခု ထိခိုက်ဒဏ်ရာရခြင်းနှင့် သေဆုံးသွားသူမှာ အာဏာသိမ်း စစ်ကောင်စီ တပ်စွဲထားသော နေရာများ၊ တပ်ရင်းများနှင့် သွားလာလှုပ်ရှားခဲ့သော နေရာများသို့ သွားရောက်ခြင်းမှ ထိခိုက်သေဆုံး ကြခြင်းဖြစ်သည်။ ရခိုင်ပြည်က ဒေသခံပြည်သူများမှာ

Continue Reading
ကျားဖြန့်ငွေလိမ်အဖွဲ့ဝင် ၇၂ ဦးကို ‘ဝ’ အစိုးရအဖွဲ့က တရုတ်ကိုလွှဲပြောင်းပေး
သတင်း
1 min read
0

ကျားဖြန့်ငွေလိမ်အဖွဲ့ဝင် ၇၂ ဦးကို ‘ဝ’ အစိုးရအဖွဲ့က တရုတ်ကိုလွှဲပြောင်းပေး

ဧပြီ ၂၈ - ၂၀၂၅
0

(ဒေသခံပြည်သူများ ကျားဖြန့်ငွေလိမ်ဂိုဏ်းအား ကူညီလျှင်အရေးယူမည်ဟု ‘ဝ’ အစိုးရအဖွဲ့ပြော) အွန်လိုင်းမှငွေလိမ်ကြသည့် ကျားဖြန့်ဂိုဏ်းအဖွဲ့ဝင် တရုတ်နိုင်ငံသား ၇၂ ဦးကို UWSA ‘ဝ’ အစိုးရအဖွဲ့က ဧပြီလ ၂၅ ရက်နေ့တွင် တရုတ်အစိုးရအဖွဲ့ထံသို့ လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။ ‘ဝ’ ထိန်းချုပ်ရာ မြန်မာ-တရုတ်နယ်စပ်ဖြစ်သည့် Meng’a ဆိပ်ကမ်းမှတစ်ဆင့် UWSA က တရုတ်ထံသို့ ကျားဖြန့်လုပ်ကိုင်သူများအား ဆက်စပ်ပစ္စည်းများနှင့်အတူ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ ကျားဖြန့်လုပ်ကိုင်သူများထံမှ မိုဘိုင်းလ်ဖုန်း ၃၀၁ လုံး၊ ကွန်ပျူတာ ကိရိယာ ၃၁ လုံး၊ လက်တော့ပ် ၉ လုံးနှင့် တက်ဘလက်ကွန်ပျူတာ ၉ လုံး တို့ကို သိမ်းဆည်းရမိခဲ့သည်ဟု ‘ဝ’ က ဧပြီလ ၂၆

Continue Reading
ဒုက္ခသည်အရေး သတင်း
1 min read
0

အိန္ဒိယရောက် မြန်မာနိုင်ငံသားများ သတိထားနေထိုင်ရမည့် အချက်များ ထုတ်ပြန်

ဧပြီ ၂၈ - ၂၀၂၅
0

အိန္ဒိယနှင့် ပါကစ္စတန်တို့ကြား ပဋိပက္ခဖြစ်ပွားမှုအရှိန်မြှင့်တက်လာ၍ အိန္ဒိယရောက် မြန်မာနိုင်ငံသားများ အနေဖြင့် အထူးသတိထား နေထိုင်ရမည့် အချက်များကို ချင်းဒုက္ခသည်ကော်မတီ Chin Refugee Committee မှ ဧပြီလ ၂၇ ရက်နေ့က ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံသားများသည် အိန္ဒိယနိုင်ငံထဲက နယူးဒေလီ၊ မီဇိုရမ်၊ မဏိပူရနှင့် နာဂလဲန်း ဒေသတို့တွင် ၂၀၂၁ မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ဒုက္ခသည်များအဖြစ် အများအပြား ခိုလှုံလျက်ရှိနေကြသည်။ အန္ဒိယနိုင်ငံက ဒုက္ခသည်ကွန်ဗန်းရှင်းကို လက်လက်မှတ်ထိုးထားသည့်အတွက် မြန်မာနိုင်ငံသားများ ခိုလှုံမှုကို လက်ခံထားပြီး ယခုအချိန်တွင် မြန်မာနိုင်ငံသားများအနေဖြင့် အထူးသတိထား နေထိုင်ရမည်ဟု ထုတ်ပြန်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသားများ လိုက်နာရမည့်အချက်များမှာ မူးယစ်ဆေးဝါးများအား ရောင်းဝယ်ဖောက်ကားခြင်း မပြုလုပ်ရ၊ အိန္ဒိယဥပဒေများကို လေးစားလိုက်နာရန်၊ အခါအားလျော်စွာ

Continue Reading