မဟာချိုင်က မြန်မာစားသောက်ဆိုင်ကို ထိုင်းအာဏာပိုင်များ ဝင်ရောက်စီးနင်း
စီးပွားရေး သတင်း အလုပ်သမားသတင်း
1 min read
0

မဟာချိုင်က မြန်မာစားသောက်ဆိုင်ကို ထိုင်းအာဏာပိုင်များ ဝင်ရောက်စီးနင်း

ဧပြီ ၂၉ - ၂၀၂၅
1

ထိုင်းနိုင်ငံ စမုစခွန်ခရိုင် မဟာချိုင်မှာ မြန်မာများအတွက် သီးသန့်ဖွင့်လှစ်ထားသော စားသောက်ဆိုင်လည်းဖြစ် အပန်းဖြေဖျော်ဖြေရေးနေရာကို ထိုင်းအာဏာပိုင်များက ဝင်ရောက်စီးနင်းကြောင်း သိရသည်။ ဧပြီလ ၂၈ ရက် နံနက်ပိုင်းတွင် ဝင်ရောက် စီးနင်းခံရခြင်း ဖြစ်ပြီး ဆိုင်အတွင်း ဝင်ရောက်စစ်ဆေးချိန် လက်နက်၊ မူးယစ်ဆေးဝါး ဖမ်းဆီးရမိပြီး ဆိုင်ဝန်ထမ်းအချို့လည်း ဖမ်းဆီးခံရမှုရှိကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြကြသည်။ အဆိုပါ ဖမ်းဆီးမှုမှာ မြန်မာတစ်ဦး၏ သတင်းပေး တိုင်ကြားချက်ကြောင့်ဖြစ်ပြီး မြန်မာများအနေဖြင့် ယင်းကဲ့သို့ ခွင့်ပြုချက်မရှိဘဲ ဖျော်ဖြေရေးလုပ်ငန်းများ ဖွင့်လှစ်လုပ်ကိုင်ခွင့်မရှိကြောင်း သိရသည်။ ထိုင်းနိုင်ငံအတွင်း စီးပွားရေးလုပ်နေသော မြန်မာတစ်ဦးက “အခုက ထိုင်းမှာ အွန်လိုင်းစျေးရောင်းတာကစလို့ ဆိုင်သေး၊ ဆိုင်ကြီး၊ အိမ်ခြံမြေပွဲစား အေးဂျင့် စတဲ့လုပ်ငန်းတွေမှာ မြန်မာတွေ လုပ်ကိုင်နေတာတွေကို

Continue Reading
ပြင်ပဈေးကွက် မရှိ၍ ရခိုင်က ငါးပုဇွန်ဈေးနှုန်းများ ကျဆင်းနေ
စီးပွားရေး သတင်း
1 min read
0

ပြင်ပဈေးကွက် မရှိ၍ ရခိုင်က ငါးပုဇွန်ဈေးနှုန်းများ ကျဆင်းနေ

ဧပြီ ၂၉ - ၂၀၂၅
0

ပြည်မမြို့များနှင့် နိုင်ငံတကာက ဝယ်ယူမှုမရှိ၍ ရခိုင်က ငါးပုဇွန်ဈေးနှုန်းများမှာ ယခင်နှစ်ကထက် ကျဆင်းသွားသည်ဟု ရေလုပ်ငန်းရှင်များထံမှ သိရသည်။ ၂၀၂၃ တကျော့ပြန်တိုက်ပွဲ မဖြစ်ပွားမီက ရခိုင်ပြည်က ငါးပုဇွန်များကို ပြည်မမြို့ဖြစ်သည့် ရန်၊ မန္တလေးနှင့် နိုင်ငံတကာ တင်ပို့မှုများရှိခဲ့သော်လည်း လက်ရှိတွင် ဆက်သွယ်ရေးပြတ်တောက်ပြီး ဝယ်လိုမအား၍ ရခိုင်ငါးပုဇွန်ဈေးနှုန်းများ ကျဆင်သွားခြင်းဖြစ်သည်။ ရခိုင်ပြည်အတွင်း စားသုံးမှုဈေးကွက်ကိုသာ အဓိက အားထားနေရကြောင်း မင်းပြားမြို့နယ်မှ ငါးပုဇွန်မွေးမြူရေး လုပ်ကိုင်နေသူတစ်ဦးက Western News ကို ပြောသည်။ “ဒီနှစ် ပြည်တွင်းကပဲ အဝယ်ရှိတာဆိုတော့ စျေးနှုန်းက ကျပါတယ်။ တိုက်ဂါးပုဇွန်ဆို တစ်ဝက်ကျော်နီးပါးလောက်ကို ကျသွားတယ်။ ပြီးတော့ လုပ်သားက များလာတယ်။ တစ်ခြားအလုပ်လည်းမရှိကြတော့ ပုဇွန်ဝယ်ရောင်းလုပ်လာကြတာနဲ့ ပုဇွန်သားပေါက်နှုန်းကလည်း တော်တော်ကို

Continue Reading
ပဲခူးတိုင်းမှာ စစ်ကောင်စီနှင့် AA ပူးပေါင်းတပ်ဖွဲ့ အပြန်အလှန်ထိုးစစ်ဆင်
စစ်ရေး သတင်း
1 min read
0

ပဲခူးတိုင်းမှာ စစ်ကောင်စီနှင့် AA ပူးပေါင်းတပ်ဖွဲ့ အပြန်အလှန်ထိုးစစ်ဆင်

ဧပြီ ၂၉ - ၂၀၂၅
0

ရခိုင်ရိုးမတောင်းတန်းနှင့် နီးကပ်သည့် ပဲခူးတိုင်း ပန်းတောင်းမြို့နယ်မှာ အာဏာသိမ်း စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA ပူးပေါင်းတပ်ဖွဲ့တို့ကြား အပြန်အလှန် ထိုးစစ်ဆင် တိုက်ခိုက်နေကြကြောင်း သိရသည်။ ပန်းတောင်းမြို့နယ်အတွင်းက စစ်ကောင်စီ တပ်စခန်းများကို အာရက္ခတပ်တော် AA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းအဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စခန်းအချို့ကိုလည်း သိမ်းဆည်းရရှိထားသည်။ လက်လွှတ်လိုက်ရသော စစ်ခန်းများအား ပြန်လည်ရရှိရန် အာဏာသိမ်း စစ်ကောင်စီကလည်း ပြည်လမ်းမဘက်မှနေ၍ အင်အား ရာချီပါဝင်သော တပ်ဖွဲ့များဖြင့် AA ပူးပေါင်းတပ်ဖွဲ့များကို ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေသည်။ ထိုကြောင့် စစ်ကောင်စီတပ်ဖွဲ့များအား ပြန်လည်ခုခံတိုက်နိုင်ရန် တော်လှန်ရေးတပ်ဖွဲ့များမှ သေချာပြင်ဆင်ထားကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ တပ်ရင်း၊ စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ ရဲဘော်ရှဲဒိုးက ပြောသည်။ ”

Continue Reading
ငလျင်ဘေးသင့်ပြည်သူများ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ အရေးပေါ်လိုအပ်နေ
သတင်း သဘာဝဘေး
1 min read
0

ငလျင်ဘေးသင့်ပြည်သူများ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ အရေးပေါ်လိုအပ်နေ

ဧပြီ ၂၉ - ၂၀၂၅
0

မတ်က ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော မြန်မာနိုင်ငံမှာ ပြင်းအား ၇.၇ အဆင့်ရှိသည့် အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုမှာ တစ်လပြည့်ပြီးဖြစ်ပြီး ငလျင်ကြောင့် လူ ၃၇၀၀ ကျော် အသက်ဆုံးရှုံးခဲ့သည်။ ငလျင်ကြောင့် လူပေါင်း ၅၀၀၀ ကျော်လည်း ထိခိုက်ဒဏ်ရာရပြီး လက်ရှိအချိန်ထိ လူ ၁၀၀ ကျော် ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း စစ်ကောင်စီမှ ယမန်နေ့ ဧပြီလ ၂၇ ရက်တွင် သတင်း ထပ်မံထုတ်ပြန်သည်။ ပြင်းထန်သည့် ငလျင်ကြောင့် ပြည်သူ‌များအခက်အခဲများစွာ ရင်ဆိုင်နေရပြီး ငလျင်ဘေးဒဏ်သင့် မိသားစုများမှာ စိတ်ပိုင်းဆိုင်ရာဖိစီးမှုများကို ဆိုးရွားစွာ ခံစားနေရကြရသည်ဟု ကုလသမဂ္ဂအဖွဲ့ဝင် IOM မှ ယနေ့ ဧပြီလ ၂၈ ရက်တွင် ထုတ်ပြန်ပြောသည်။

Continue Reading