စစ်ကောင်စီ၏ အတင်းအဓမ္မ စစ်မှုထမ်းခေါ်ယူခြင်းမှ ရှောင်ပြေးလာသည့် လူငယ်များကို အိမ်နီးချင်းနိုင်ငံများမှ စောင့်ရှောက်ပေးရန် NUG တောင်းဆို
ဒုက္ခသည်အရေး သတင်း
1 min read
0

စစ်ကောင်စီ၏ အတင်းအဓမ္မ စစ်မှုထမ်းခေါ်ယူခြင်းမှ ရှောင်ပြေးလာသည့် လူငယ်များကို အိမ်နီးချင်းနိုင်ငံများမှ စောင့်ရှောက်ပေးရန် NUG တောင်းဆို

ဧပြီ ၃၀ - ၂၀၂၅
0

စစ်ကောင်စီ အဓမ္မစစ်သားစုဆောင်းမှုကြောင့် ထွက်ပြေးတိမ်းရှောင်လာသော လူငယ်များကို လူသားချင်းစာနာသည့် မူဝါဒကိုအခြေခံပြီး စောင့်ရှောက်မှုများ လုပ်ဆောင်ပေးရန် NUG က တောင်းဆိုလိုက်သည်။ မြန်မာနိုင်ငံ၏ အိမ်နီးနားချင်းနိုင်ငံ‌များကို အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဝန်ကြီးဌာနမှ ဧပြီလ ၂၈ ရက်နေ့က ထုတ်ပြန် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။ အာဏာသိမ်း စစ်ကောင်စီမှာ လူငယ်များနှင့် မိသားစုဝင်များကို ခြိမ်းခြောက်အကျပ်ကိုင် စစ်မှုထမ်းခိုင်းခြင်းမှာ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သော ရာဇဝတ်မှုမြောက်ကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ အစီရင်ခံစာမှာ ဖော်ပြထားသည်။ အတင်းအကျပ် စစ်မှုထမ်းစေခိုင်းခံခဲ့ရသည့် လူငယ်များ၏ ထွက်ဆိုချက်များအရ လူ့အခွင့်အရေးချိုးဖောက်မှုများ ကျုးလွန်နေသည့် စစ်ကောင်စီသည် လူငယ်များကို နေအိမ်၊ လုပ်ငန်းခွင်နှင့် စစ်ဆေးရေးဂိတ်များတွင် ဖမ်းဆီးမှုများ လုပ်ဆောင်နေသည်ဟု NUG က

Continue Reading