ငလျင်ဒဏ် သင့်နေအချိန် မြောက်ဦးနှင့် ကျောက်ဖြူကို စစ်ကောင်စီ တိုက်ခိုက်၊ အရပ်သား ၃ ဦးသေ ၇ ဦး ဒဏ်ရာရ
အာဏာသိမ်း စစ်ကောင်စီက မြောက်ဦးမြို့ကို လေကြောင်းဗုံးကြဲတိုက်ခိုက်ပြီး ကျောက်ဖြူမြို့နယ် ဇင်ချောင်းရွာကို နေဗီက လက်နက်ကြီးနှင့် ပစ်ခတ်၍ သံဃာတော်အပါအဝင် အရပ်သား ၃ ဦးသေဆုံးပြီး ကိုရင်အပါအဝင် အရပ်သား ၇ ဦး ဒဏ်ရာရရှိသွားသည်။ မြောက်ဦးမြို့ အလယ်ဈေးရပ်ကွက်ကို မတ်လ ၃၁ ရက် ည ၈ နာရီကျော်အချိန်တွင် စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့၍ အသက် ၆၆ နှစ်အရွယ် ဦးအောင်ကျော်ဇံ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။ “မနေ့က ည ၈ နာရီကျော်လောက်မှာ Cluster (ပဒေသာဗုံး) တစ်လုံးနဲ့ အလယ်ဈေးရပ်ကွက်ကို ဗုံးကြဲခဲ့တယ်။ အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ဦး သေဆုံးသွားပါတယ်။ ဒီလောက်ဗျာ