ငလျင်သင့် နေရာများကို ကယ်ဆယ်ရေးမလုပ်ဘဲ အရပ်သားနေထိုင်ရာများကို စစ်ကောင်စီ လေကြောင်းက ဗုံးကြဲနေ
နိုင်ငံတဝန်း ငလျင်ဒဏ်သင့်နေသော အချိန် ကယ်ဆယ်ရေး တစ်စုံတစ်ရာ မလုပ်ဆောင်ဘဲ စစ်ကောင်စီက မကွေးတိုင်း၊ ပေါက်မြို့နယ်နှင့် ဗန်းမော်မြို့ကို လေကြောင်းက ဗုံးကြဲ တိုက်ခိုက်မှုများ လုပ်ခဲ့ကြောင်း သိရသည်။ နိုင်ငံတဝန်း ငလျင်ကြောင့် လူ ထောင်ချီ သေကြေပျက်စီးမှုနှင့် နေအိမ်အဆောက်အအုံ ပြိုကျ ပျက်စီးမှုကြောင့် အခက်အခဲဖြစ်နေချိန်တွင် စစ်ကောင်စီတပ်က လေကြောင်းက အရပ်သားများနေထိုင် နေရာများကို ဗုံးကြဲတိုက်ခိုက်နေသည်။ ယနေ့ မတ်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန် ပေါက်မြို့နယ် အနောက်မြောက်ပိုင်းအတွင်းသို့ စစ်ကောင်စီတပ်က စစ်ရဟတ်ယာဉ် ၁ စီးဖြင့် ဗုံးကြဲခဲ့ပြီး ထိခိုက် ပျက်စီးမှုတစ်ချို့ ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
ငလျင်ဘေး ဩစတြေးလျကူညီမည့် ဒေါ်လာ ၂ သန်း စစ်ကောင်စီထံ မပေးဘဲ ICRC မှ တစ်ဆင့် ထောက်ပံ့ကူညီမည်
မြန်မာငလျင်ဘေးသင့်ပြည်သူများအတွက် ဩစတြေလျနိုင်ငံမှ ကနဦး ဒေါ်လာ ၂ သန်းကို နိုင်ငံတကာကြက်ခြေနီအသင်း ICRC မှ တစ်ဆင့် ထောက်ပံ့ကူညီပေးသွားမည်ဟု ယနေ့ မတ်လ ၃၀ တွင် ထုတ်ပြန်သည်။ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နှင့်ပြီးဖြစ်သော ဆိုးရွားသည့် လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေကို ပိုမိုခက်ခဲစေခဲ့သည့် ငလျင်ဖြစ်ရပ်ဆိုးကြောင့် ထိခိုက်ခံစားခဲ့ရသူများ အားလုံးအတွက် များစွာဝမ်းနည်းကြေကွဲရသည်ဟု ဩစတြေးလျ နိုင်ငံက ပြောသည်။ ထိုကြောင့် လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းများကို အဆောတလျင် လုပ်ဆောင်နိုင်ရန် ICRC မှတစ်ဆင့် ကူညီပေးသွားမည်ဟု ပြောဆိုထားသည်။ နိုင်ငံအချို့က အကူအညီများ စစ်ကောင်စီထံမှတစ်ဆင့် သွားရောက်နေချိန် ဩစတြေးလျနိုင်ငံက စစ်ကောင်စီထံ မပေးဘဲ ICRC မှတစ်ဆင့် ကူညီပေးခြင်းဖြစ်သည်။ သြစတြေးလျအနေဖြင့် မြန်မာစစ်အာဏာရှင်အဖွဲ့အစည်းထံသို့
မန္တလေး ပျော်ဘွယ်တွင် ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၁၀၀ ကျော် ရှိလာ
မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်တွင် အဆောက်အအုံပြိုကျပြီး သေဆုံးသူ ၁၀၀ ကျော်ရှိလာပြီဖြစ်ကြောင်း ပျော်ဘွယ် မီးသတ်တပ်ဖွဲ့က ပြောသည်။ ငလျင်လှုပ်ခတ်မှုကြောင့် ဘာသာရေးအဆောက်အဦများ၊ လူနေအိမ်များပျက်စီးဆုံးရှုံးခြင်း၊ လူသေဆုံးဒဏ်ရာရခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း ပျော်ဘွယ် မီးသတ်တပ်ဖွဲ့က ယနေ့ မတ် ၃၀ ရက်နေ့မှာ ထုတ်ပြန်သည်။ ပျော်ဘွယ်မြို့နယ်တွင် လတ်တလော ငလျင်ကြောင့် သေဆုံးသူ ၁၀၀ ကျော်ခန့်ရှိခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်နေဆဲဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့က ပြောသည်။ယနေ့ နံနက်ပိုင်းတွင် ပြိုကျနေသော ငလျင်ကြောင့် ကမ္ဘောဇဘဏ် အဆောက်အဦအတွင်း ၂၄ နာရီကျော် ပိတ်မိသော ဘဏ်ဝန်ထမ်းတစ်ဦးအား အန္တရာယ်ကြားမှ ခက်ခက်ခဲခဲ ကယ်ဆယ်ခဲ့သည်ကို တွေ့ရသည်။
ချင်းညီနောင်ကို Standard Army အဖြစ် ဖွဲ့စည်းမည်ဟု ကြေညာ
ချင်းပြည်နှင့် ချင်းတစ်မျိုးသားလုံးကို အကာအကွယ်ပေးနိုင်ရန် ချင်းညီနောင်အဖွဲ့ကို ပိုမိုကျစ်လစ်ခိုင်မာသော တပ်မတော်တစ်ရပ် Standard Army အဖြစ် ဖွဲ့စည်းသွားမည်ဟု ချင်းညီနောင်က ထုတ်ပြန်ကြေညာသည်။ ချင်းညီနောင်အဖွဲ့ကို ပိုမိုကျစ်လစ်ခိုင်မာသော တပ်မတော်တစ်ရပ် Standard Army အဖြစ် ဖွဲ့စည်းနိုင်ရန် အခြေခံမူများ ချမှတ်နိုင်ခဲ့ကြောင်း ချင်းညီနောင်၏ မေလ ၁၁ ရက်တွင် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ချင်းညီနောင်အဖွဲ့အား တပ်အင်အားတစ်ခုအဖြစ် တိုးမြှင့်ဖွဲ့စည်းနိုင်ရန် လွတ်မြောက်နယ်မြေတစ်နေရာတွင် ဧပြီလ ၂၆ ရက်မှ ၂၉ ရက်နေ့အထိ ကိုယ်စားလှယ် ၃၉ ဦးဖြင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ချင်းညီနောင်က ထုတ်ပြန်လာခြင်းဖြစ်သည်။ ယင်းအပြင် ချင်းအမျိုးသားစည်းလုံးညီညွတ်ရေးနှင့် အနာဂတ်တွင် ချင်းပြည်သူလူထုတရပ်လုံးကို ကိုယ်စားပြုသည့် ချင်းပြည်အစိုးရ ပေါ်ပေါက်လာနိုင်ရေးအတွက်လည်း ဆွေးနွေးခဲ့ကြောင်း
AA နှင့် ဆက်ဆံနေသည့် ဘင်္ဂလားဒေ့ရှ်ကို စစ်ကောင်စီ ကန့်ကွက်မှု ဘင်္ဂလားဒေ့ရှ်က ပြန်ပယ်ချ
အာရက္ခတပ်တော် AA နှင့် ဆက်သွယ်ဆောင်ရွက်နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အာဏာသိမ်း စစ်ကောင်စီက ကန့်ကွက်မှုအပေါ် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လည်ပယ်ချလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ မီဒီယာများက ဖော်ပြသည်။ နိုင်ငံ၏ အကျိုးစီးပွားကို ကာကွယ်မြှင့်တင်ရန် လိုအပ်ကြောင်း ယူဆလျှင် မည်သည့်အဖွဲ့နှင့်မဆို ချိတ်ဆက် ဆောင်ရွက်သွားမည်ဟု ဘင်္ဂလားဒေ့ရှ် အမျိုးသားလုံခြုံရေး အကြံပေး ခါလီလာရာမန်က မေလ ၆ ရက်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ ဘင်္ဂလားဒေ့ရှ်၏ လက်ရှိကြားဖြတ်အစိုးရအဖွဲ့သည် နယ်စပ်ဒေသများတွင် အာရက္ခတပ်တော် AA နှင့် ထိတွေ့ဆက်ဆံမှုများကို အာဏာသိမ်း စစ်ကောင်စီက ကန့်ကွက်ထားကြောင်းလည်း သိရသည်။ ဘင်္ဂလားဒေ့ရှ် အမျိုးသားလုံခြုံရေး အကြံပေး ခါလီလာရာမန်က “တခုစဉ်းစားရမှာက ကျနော်တို့နဲ့ နယ်စပ်ဖြတ်ကျော်ထိန်းချုပ်မှုဟာ AA လက်ထဲမှာရှိနေပါတယ်။
ရခိုင်မှာ မိုင်းနင်းမိ၍ နှစ်ရက်အတွင်း အရပ်သား ၃ ဦး ပြင်းထန်ဒဏ်ရာရ
အာရက္ခတပ်တော် AA သိမ်းပိုက်ထားသည့် ရခိုင်ပြည်မှာ စစ်ကျန်းလက်နက်ပစ္စည်းများနှင့် မြေမြှုပ်မိုင်းကြောင့် နှစ်ရက်အတွင်း အရပ်သားပြည်သူ ၃ ဦး ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း သိရသည်။ ယမန်နေ့ မေလ ၆ ရက် ညနေပိုင်းက တောင်ကုတ်မြို့နယ် ကံပိုင်ရပ်ကွက်ဒေသခံ အသက် ၇၀ အရွယ် ဦးကျော်ထွန်းမှာ မြေမြှုပ်မိုင်းကြောင့် ခြေတစ်ဖက် ပြတ်ထွက်ဒဏ်ရာ ရရှိသွားသည်။ တောင်ကုတ်ရှိ စစ်ကောင်စီ အခြေစိုက်ခဲ့သော စကခ ၅ တပ်စခန်းအနီး လယ်ကွင်းသို့ သွားရောက် အလုပ်လုပ်စဉ် မြေမြှုပ်မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရသွားခြင်းဖြစ်သည်။ အလားတူ ယနေ့ မေလ ၇ ရက်နေ့ နံနက်ပိုင်းက မြောက်ဦးမြို့နယ် ထိပ်ဝပြင်ကျေးရွာက အသက် ၁၈ နှစ်အရွယ် မချယ်ရီသန်းနှင့်
အပစ်ရပ်ကာလမှာ စစ်ကောင်စီတိုက်ခိုက်မှုကြောင့် ၁ လအတွင်း အမျိုးသမီး ၇၁ ဦးသေဆုံး
မြန်မာနိုင်ငံတဝှမ်း အမျိုးသမီးသေဆုံးမှု ဆက်လက်မြင့်တက်လျက်ရှိပြီး ဧပြီလအတွင်း အမျိုးသမီး ၇၁ ဦး အသက် ဆုံးရှုံးခဲ့ရကြောင်းနှင့် ၅၀ ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြန်မာ့အမျိုးသမီးမဂ္ဂ BWU ယနေ့ မတ်လ ၇ ရက်တွင် ထုတ်ပြန်ထားသည်။ အသက်ဆုံးရှုံးခဲ့ရသည့် အကြောင်းရင်းများမှာ စစ်ကောင်စီ၏ လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ၅၉ ဦး၊ ပြည်သူများ၏ ရွာနှင့် နေအိမ်များအား ပစ်မှတ်ထား လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၇ ဦးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ သတ်ဖြတ်မှုကြောင့် ၅ ဦး တို့ဖြစ်သည်။ အသက်ဆုံးရှံးခဲ့သည့် အမျိုးသမီး ၇၁ ဦးထဲမှ ၁၃ ဦးသည် အသက် ၁၈ နှစ်အောက်များ ဖြစ်ကြကြောင်းလည်း
လူမိုက်အားပေးလုပ်နေသည့် ပြည်ပနိုင်ငံများကို သတိထားကြရန် NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြော
အာဏာသိမ်း စစ်ကောင်စီ၏ လူမဆန်စွာလုပ်ရပ်အပေါ် လူမိုက်အားပေးလုပ်နေကြသည့် ပြည်ပနိုင်ငံများကို သတိကြီးကြီးထားကြရန် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က သတိပေးပြောသည်။ မြန်မာပြည်အပေါ် ဩဇာလွှမ်းရန်နှင့် ကိုယ်ကျိုးစီးပွားရှာနေသည့် ပြည်ပနိုင်ငံများအား သတိထားကြရန် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၄ နှစ်ပြည့်မိန့်ခွန်းတွင် NUG ကာကွယ်ရေဝန်ကြီး ဦးရည်မွန်က မေလ ၅ ရက်နေ့တွင် ပြောကြားခဲ့သည်။ “အခုဆိုရင် မြန်မာ့အရေးဟာ ကမ္ဘာ့အခင်းအကျင်းနဲ့လည်း ဆက်စပ်လာတယ်။ မြန်မာပြည်သူတွေရဲ့ ဆန္ဒသဘောထားကို လျစ်လျူရှုပြီး မြန်မာပြည်အပေါ် သြဇာလွှမ်းမိုးဖို့၊ ကိုယ်ကျိုးစီးပွား အမြတ်ထုတ်ဖို့ ကြံရွယ်ချက်နဲ့ စစ်ကောင်စီရဲ့ လူမဆန်မှုတွေကို လူမိုက်အားပေးလုပ်နေတဲ့ ပြည်ပနိုင်ငံတချို့ ရှိလာတယ်ဆိုတာကိုလည်း သတိကြီးကြီးထားရတယ်” ဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဆိုသည်။ ယင်းအပြင် စစ်ကောင်စီတပ်ထဲမှာ
စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရုရှားခရီးစဉ် စတင်
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရုရှားနိုင်ငံ၊ မော်စကိုမြို့၊ ရင်ပြင်နီတွင် ပြုလုပ်မည့် ရင်ပြင်နီ ချီတက်ပွဲကို တက်ရောက်ရန် ဇနီးဖြစ်သူနှင့်အတူ ယနေ့တွင် ထွက်ခွာသွားပြီး ဖြစ်ကြောင်း သိရသည်။ မေလ ၉ ရက်နေ့ ရုရှားနိုင်ငံ၊ မော်စကိုမြို့၊ ရင်ပြင်နီတွင် ပြုလုပ်မည့် ဒုတိယကမ္ဘာစစ်ပြီးဆုံးသည့် ရင်ပြင်နီအောင်ပွဲ အခမ်းအနားသို့ မင်းအောင်လှိုင်တက်ရောက်ရန် နေပြည်တော်လေဆိပ်မှ ရုရှားနိုင်ငံသို့ ထွက်ခွာသွားပြီး ဖြစ်သည်။ စစ်ခေါင်းဆောင်နှင့် အတူ စစ်ကောင်စီ တွဲဖက်အတွင်းရေးမှူး ရဲဝင်းဦး၊ ကောင်စီဝင်တချို့ ကာကွယ်ရေး ဝန်ကြီး မောင်မောင်အေး၊ နိုင်ငံခြားရေးဝန်ကြီး သန်းဆွေ၊ ညှိနှိင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ကျော်စွာလင်း တို့လိုက်ပါသွားသည်။ အဆိုပါ လေယာဉ်သည် နေပြည်တော်လေဆိပ်မှ
အိန္ဒိယ လေယာဉ်များကို ပါကစ္စတန်ပစ်ချ၊ အိန္ဒိယနှင့် ပါကစ္စတန် တင်းမာနေ
ဂျမူးနှင့် ကတ်ရှ်မီးယားဒေသတို့တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်သတ်ဖြတ်မှုကနေ အစပျိုးခဲ့သည့် အိန္ဒိယနှင့် ပါကစ္စတန်တို့ကြား ပဋိပက္ခတင်းမာနေချိန် အိန္ဒိယနိုင်ငံက ပါကစ္စတန်နိုင်ငံကို လေကြောင်းကနေ ဒုံးကျည်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ပါကစ္စတန်အုပ်ချုပ်ထားသည့် ကက်ရ်ှမီးယားဘက်ခြမ်းမှ နေရာ ၉ ခုကို ယနေ့ မေ ၇ ရက် နံနက်ပိုင်းက တိုက်ခိုက်ခဲ့ကြောင်း အိန္ဒိယအစိုးရက တရားဝင်ထုတ်ပြောထားသည်။ “ဆင်ဒူးစစ်ဆင်ရေး” အမည်ဖြင့် ပါကစ္စတန်နိုင်ငံ ကတ်ရှ်မီးယားဒေသတွင် အကြမ်းဖက်သမားများ ရှိသော အဆောက်အဦးများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း အိန္ဒိယက ပြောဆိုထားသည်။ နေရာ ၃ ခု တိုက်ခိုက်ခံခဲ့ရ၍ ကလေး၂ ဦး အပါအဝင် ၇ ဦးသေဆုံးခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က ဆိုသည်။ အိန္ဒိယက ရန်လိုသော