အာဏာသိမ်းပြီးနောက် သတင်းသမား ၇ ဦး သတ်ဖြတ်ခံခဲ့ရ
(သတင်းသမား ၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ၄၀ ဦး အကျဉ်းကျခံထားရ) ၂၀၂၁ မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက် ယနေ့ မေလ ၃ ရက်နေ့အထိ နိုင်ငံတစ်ဝှမ်း သတင်းသမား ၇ ဦး သတ်ဖြတ်ခံခဲ့ရကြောင်း လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ IPCM က ယနေ့တွင် ထုတ်ပြန်ထားသည်။ စစ်ကောင်စီသည် သတင်းသမား ၂၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး ယင်းအထဲမှ ၄၀ ဦးမှာ လက်ရှိအချိန်အထိ အကျဉ်းကျခံနေရဆဲဖြစ်ကြောင်းနှင့် အမျိုးသား ၃၃ ဦးနှင့် အမျိုးသမီး ၇ ဦး ပါဝင်ကြောင်း IPCM က ဆိုသည်။ သတ်ဖြတ်ခံခဲ့ရသည့် သတင်းသမား ၇ ဦးမှာ ကိုစိုင်းစိုင်း၊
ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၃၀ ကျော် ဖမ်းဆီးခံရ
သခွားသီးကားပေါ်တွင် ပုန်းအောင်းပြီး ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသော ၄ ဦးအပါအဝင် မြန်မာနိုင်ငံသား ၃၀ ကျော်မှာ ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။ မေလ ၁ ရက်တွင် မဲဆောက်မြို့မှ ဘန်ကောက်မြို့သို့ သွားရောက်မည့် မြန်မာနိုင်ငံသား ၄ ဦးမှာ သခွားသီးတင်ကား၌ ပုန်းအောင်းလိုက်ပါလာစဉ် ထိုင်းစစ်ဆေးရေးဂိတ်တစ်ခုက ဖမ်းဆီးသွားခြင်းဖြစ်သည်။ အလားတူ မေလ ၁ ရက်နေ့မှာပင် ထိုင်း-မြန်မာနယ်စပ် သောင်းရင်းမြစ်ကိုဖြတ်၍ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၂၉ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးသွားသည်။ တစ်ရက်တည်းမှာ မြန်မာနိုင်ငံသား စုစုပေါင်း ၃၃ ဦး ဖမ်းဆီးခံရပြီး ထိုင်းက မြန်မာဘက်သို့ ပြန်လည်ပို့ဆောင်မည်ဟု သိရသည်။