AA နှင့် ဆက်ဆံနေသည့် ဘင်္ဂလားဒေ့ရှ်ကို စစ်ကောင်စီ ကန့်ကွက်မှု ဘင်္ဂလားဒေ့ရှ်က ပြန်ပယ်ချ
အာရက္ခတပ်တော် AA နှင့် ဆက်သွယ်ဆောင်ရွက်နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အာဏာသိမ်း စစ်ကောင်စီက ကန့်ကွက်မှုအပေါ် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လည်ပယ်ချလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ မီဒီယာများက ဖော်ပြသည်။ နိုင်ငံ၏ အကျိုးစီးပွားကို ကာကွယ်မြှင့်တင်ရန် လိုအပ်ကြောင်း ယူဆလျှင် မည်သည့်အဖွဲ့နှင့်မဆို ချိတ်ဆက် ဆောင်ရွက်သွားမည်ဟု ဘင်္ဂလားဒေ့ရှ် အမျိုးသားလုံခြုံရေး အကြံပေး ခါလီလာရာမန်က မေလ ၆ ရက်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ ဘင်္ဂလားဒေ့ရှ်၏ လက်ရှိကြားဖြတ်အစိုးရအဖွဲ့သည် နယ်စပ်ဒေသများတွင် အာရက္ခတပ်တော် AA နှင့် ထိတွေ့ဆက်ဆံမှုများကို အာဏာသိမ်း စစ်ကောင်စီက ကန့်ကွက်ထားကြောင်းလည်း သိရသည်။ ဘင်္ဂလားဒေ့ရှ် အမျိုးသားလုံခြုံရေး အကြံပေး ခါလီလာရာမန်က “တခုစဉ်းစားရမှာက ကျနော်တို့နဲ့ နယ်စပ်ဖြတ်ကျော်ထိန်းချုပ်မှုဟာ AA လက်ထဲမှာရှိနေပါတယ်။
ရခိုင်မှာ မိုင်းနင်းမိ၍ နှစ်ရက်အတွင်း အရပ်သား ၃ ဦး ပြင်းထန်ဒဏ်ရာရ
အာရက္ခတပ်တော် AA သိမ်းပိုက်ထားသည့် ရခိုင်ပြည်မှာ စစ်ကျန်းလက်နက်ပစ္စည်းများနှင့် မြေမြှုပ်မိုင်းကြောင့် နှစ်ရက်အတွင်း အရပ်သားပြည်သူ ၃ ဦး ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း သိရသည်။ ယမန်နေ့ မေလ ၆ ရက် ညနေပိုင်းက တောင်ကုတ်မြို့နယ် ကံပိုင်ရပ်ကွက်ဒေသခံ အသက် ၇၀ အရွယ် ဦးကျော်ထွန်းမှာ မြေမြှုပ်မိုင်းကြောင့် ခြေတစ်ဖက် ပြတ်ထွက်ဒဏ်ရာ ရရှိသွားသည်။ တောင်ကုတ်ရှိ စစ်ကောင်စီ အခြေစိုက်ခဲ့သော စကခ ၅ တပ်စခန်းအနီး လယ်ကွင်းသို့ သွားရောက် အလုပ်လုပ်စဉ် မြေမြှုပ်မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရသွားခြင်းဖြစ်သည်။ အလားတူ ယနေ့ မေလ ၇ ရက်နေ့ နံနက်ပိုင်းက မြောက်ဦးမြို့နယ် ထိပ်ဝပြင်ကျေးရွာက အသက် ၁၈ နှစ်အရွယ် မချယ်ရီသန်းနှင့်
အပစ်ရပ်ကာလမှာ စစ်ကောင်စီတိုက်ခိုက်မှုကြောင့် ၁ လအတွင်း အမျိုးသမီး ၇၁ ဦးသေဆုံး
မြန်မာနိုင်ငံတဝှမ်း အမျိုးသမီးသေဆုံးမှု ဆက်လက်မြင့်တက်လျက်ရှိပြီး ဧပြီလအတွင်း အမျိုးသမီး ၇၁ ဦး အသက် ဆုံးရှုံးခဲ့ရကြောင်းနှင့် ၅၀ ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြန်မာ့အမျိုးသမီးမဂ္ဂ BWU ယနေ့ မတ်လ ၇ ရက်တွင် ထုတ်ပြန်ထားသည်။ အသက်ဆုံးရှုံးခဲ့ရသည့် အကြောင်းရင်းများမှာ စစ်ကောင်စီ၏ လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ၅၉ ဦး၊ ပြည်သူများ၏ ရွာနှင့် နေအိမ်များအား ပစ်မှတ်ထား လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၇ ဦးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ သတ်ဖြတ်မှုကြောင့် ၅ ဦး တို့ဖြစ်သည်။ အသက်ဆုံးရှံးခဲ့သည့် အမျိုးသမီး ၇၁ ဦးထဲမှ ၁၃ ဦးသည် အသက် ၁၈ နှစ်အောက်များ ဖြစ်ကြကြောင်းလည်း
လူမိုက်အားပေးလုပ်နေသည့် ပြည်ပနိုင်ငံများကို သတိထားကြရန် NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြော
အာဏာသိမ်း စစ်ကောင်စီ၏ လူမဆန်စွာလုပ်ရပ်အပေါ် လူမိုက်အားပေးလုပ်နေကြသည့် ပြည်ပနိုင်ငံများကို သတိကြီးကြီးထားကြရန် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က သတိပေးပြောသည်။ မြန်မာပြည်အပေါ် ဩဇာလွှမ်းရန်နှင့် ကိုယ်ကျိုးစီးပွားရှာနေသည့် ပြည်ပနိုင်ငံများအား သတိထားကြရန် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၄ နှစ်ပြည့်မိန့်ခွန်းတွင် NUG ကာကွယ်ရေဝန်ကြီး ဦးရည်မွန်က မေလ ၅ ရက်နေ့တွင် ပြောကြားခဲ့သည်။ “အခုဆိုရင် မြန်မာ့အရေးဟာ ကမ္ဘာ့အခင်းအကျင်းနဲ့လည်း ဆက်စပ်လာတယ်။ မြန်မာပြည်သူတွေရဲ့ ဆန္ဒသဘောထားကို လျစ်လျူရှုပြီး မြန်မာပြည်အပေါ် သြဇာလွှမ်းမိုးဖို့၊ ကိုယ်ကျိုးစီးပွား အမြတ်ထုတ်ဖို့ ကြံရွယ်ချက်နဲ့ စစ်ကောင်စီရဲ့ လူမဆန်မှုတွေကို လူမိုက်အားပေးလုပ်နေတဲ့ ပြည်ပနိုင်ငံတချို့ ရှိလာတယ်ဆိုတာကိုလည်း သတိကြီးကြီးထားရတယ်” ဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဆိုသည်။ ယင်းအပြင် စစ်ကောင်စီတပ်ထဲမှာ
စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရုရှားခရီးစဉ် စတင်
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရုရှားနိုင်ငံ၊ မော်စကိုမြို့၊ ရင်ပြင်နီတွင် ပြုလုပ်မည့် ရင်ပြင်နီ ချီတက်ပွဲကို တက်ရောက်ရန် ဇနီးဖြစ်သူနှင့်အတူ ယနေ့တွင် ထွက်ခွာသွားပြီး ဖြစ်ကြောင်း သိရသည်။ မေလ ၉ ရက်နေ့ ရုရှားနိုင်ငံ၊ မော်စကိုမြို့၊ ရင်ပြင်နီတွင် ပြုလုပ်မည့် ဒုတိယကမ္ဘာစစ်ပြီးဆုံးသည့် ရင်ပြင်နီအောင်ပွဲ အခမ်းအနားသို့ မင်းအောင်လှိုင်တက်ရောက်ရန် နေပြည်တော်လေဆိပ်မှ ရုရှားနိုင်ငံသို့ ထွက်ခွာသွားပြီး ဖြစ်သည်။ စစ်ခေါင်းဆောင်နှင့် အတူ စစ်ကောင်စီ တွဲဖက်အတွင်းရေးမှူး ရဲဝင်းဦး၊ ကောင်စီဝင်တချို့ ကာကွယ်ရေး ဝန်ကြီး မောင်မောင်အေး၊ နိုင်ငံခြားရေးဝန်ကြီး သန်းဆွေ၊ ညှိနှိင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ကျော်စွာလင်း တို့လိုက်ပါသွားသည်။ အဆိုပါ လေယာဉ်သည် နေပြည်တော်လေဆိပ်မှ
အိန္ဒိယ လေယာဉ်များကို ပါကစ္စတန်ပစ်ချ၊ အိန္ဒိယနှင့် ပါကစ္စတန် တင်းမာနေ
ဂျမူးနှင့် ကတ်ရှ်မီးယားဒေသတို့တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်သတ်ဖြတ်မှုကနေ အစပျိုးခဲ့သည့် အိန္ဒိယနှင့် ပါကစ္စတန်တို့ကြား ပဋိပက္ခတင်းမာနေချိန် အိန္ဒိယနိုင်ငံက ပါကစ္စတန်နိုင်ငံကို လေကြောင်းကနေ ဒုံးကျည်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ပါကစ္စတန်အုပ်ချုပ်ထားသည့် ကက်ရ်ှမီးယားဘက်ခြမ်းမှ နေရာ ၉ ခုကို ယနေ့ မေ ၇ ရက် နံနက်ပိုင်းက တိုက်ခိုက်ခဲ့ကြောင်း အိန္ဒိယအစိုးရက တရားဝင်ထုတ်ပြောထားသည်။ “ဆင်ဒူးစစ်ဆင်ရေး” အမည်ဖြင့် ပါကစ္စတန်နိုင်ငံ ကတ်ရှ်မီးယားဒေသတွင် အကြမ်းဖက်သမားများ ရှိသော အဆောက်အဦးများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း အိန္ဒိယက ပြောဆိုထားသည်။ နေရာ ၃ ခု တိုက်ခိုက်ခံခဲ့ရ၍ ကလေး၂ ဦး အပါအဝင် ၇ ဦးသေဆုံးခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က ဆိုသည်။ အိန္ဒိယက ရန်လိုသော
မင်းပြား ဖားပြိုရွာတွင် အသက် ၉ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရ
ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာမှာ ယမန်နေ့ မေ ၆ ရက်နေ့တွင် အသက် ၉ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို တစ်ခြားရွာမှ အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်ပြုပြီး သတ်ဖြတ်ခဲ့ကြောင်း ရွာသားများက ပြောသည်။ အဓမ္မပြုကျင့်ခံရသည့် အမျိုးသမီးငယ်မှာ မိခင် ဒေါ်ဆန်းအေးကြည်၏ သမီးဖြစ်ပြီး ငါးမန်းရိပ်ကျွန်းဒေသခံ လူလတ်ပိုင်းအရွယ် ကိုမောင်မြသန်း ဆိုသူက အတင်းအဓမ္မပြုကျင့်ကာ သတ်ဖြတ်ပြီးနောက် သစ်ပင်တစ်ပင်တွင် ကြိုးဖြင့် တွဲချိတ်ထားခဲ့သည်။ ဖားပြိုရွာသားတစ်ဦးက “လူလတ်ပိုင်း အရွယ် မောင်မြသန်းဆိုသူက အသက် ၉ နှစ်အရွယ် မိန်းကလေးကို အတင်းအဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တယ်။ ရက်ရက်စက်စက်ကို သတ်ဖြတ်ခဲ့တာပါ။ ပထမ အတင်းအဓမ္မပြုကျင့်တယ်။ ပြီးတော့ ဦးခေါင်းကို တုတ်လို့ယူဆရတဲ့အရာနဲ့ ထုရိုက်ပြီး သတ်ဖြတ်ခဲ့တာပါ။ တုတ်က
ရခိုင်လူမျိုးတို့၏ အထင်ကရ နိုင်ငံရေးခေါင်းဆောင်ကြီး ကဗျာဆရာ ဦးဦးလှစော ကွယ်လွန်သွားခြင်းအပေါ် NUG အပါအဝင် တော်လှန်ရေး၊ နိုင်ငံရေး၊ အရပ်ဘက်နှင့် သတင်းမီဒီယာ အသိုင်းအဝိုင်းများမှ အမှတ်တရစကားများ
■ မောင်ဆောင်းခ (ကွက်ကဲရေးမှူး)ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA “ဆရာဦးဦးလှစောက ရခိုင်ပြည်သူတွေအတွက် တင်မဟုတ်ဘဲ တနိုင်ငံလုံးမှာရှိတဲ့ အဖိနှိပ်ခံပြည်သူတွေ အားလုံးအတွက် အလုပ်လုပ်ခဲ့သူပါ။ ဆရာ ကွယ်လွန်သွားခြင်းက တိုင်းပြည်အတွက် ကြီးမားသော ဆုံးရှုံးမှုတခုဖြစ်ပါတယ်” ■ ကိုနေဘုန်းလတ် (ပြောရေးဆိုခွင့်ရှိသူ)အမျိုးသားညီညွတ်ရေးအစိုးရ NUG “ဟုတ်ကဲ့ ဝါရင့်နိုင်ငံရေးသမားကြီး ဦးဦးလှစော ကျဆုံးသွားတာနဲ့ ပတ်သက်ပြီးတော့ ပေါ့နော် ရခိုင်နိုင်ငံရေးအတွက်ပါ မဟုတ်ပါဘူးပေါ့နော် ကျနော်တို့ တစ်နိုင်ငံလုံး နိုင်ငံရေးအတွက်ပါ ဆုံးရှုံးမှုလို့ ပြောလို့ရပါတယ်။ ကျနော်တို့ နိုင်ငံမှာက ဘာသာတွေ၊ လူမျိုးတွေ ဒါတွေလည်း အများကြီး စုံတဲ့အခါကျတော့လေ နိုင်ငံရေးလုပ်တဲ့အခါမှာ ဖလပ်စီဘယ်ဖြစ်မှုပေါ့နော် အရမ်းအစွမ်းမရောက်ဘဲနဲ့ ဖလပ်စီဘယ်ဖြစ်မှု ဆိုတဲ့ကိစ္စ သိပ်အရေးကြီးပါတယ်။ ကျနော် သိရသလောက်လည်း ဆရာ ဦးဦးလှစော