ငလျင်သင့် နေရာများကို ကယ်ဆယ်ရေးမလုပ်ဘဲ အရပ်သားနေထိုင်ရာများကို စစ်ကောင်စီ လေကြောင်းက ဗုံးကြဲနေ
သတင်း သဘာဝဘေး
1 min read
0

ငလျင်သင့် နေရာများကို ကယ်ဆယ်ရေးမလုပ်ဘဲ အရပ်သားနေထိုင်ရာများကို စစ်ကောင်စီ လေကြောင်းက ဗုံးကြဲနေ

မေ ၃၀ - ၂၀၂၅
1

နိုင်ငံတဝန်း ငလျင်ဒဏ်သင့်နေသော အချိန် ကယ်ဆယ်ရေး တစ်စုံတစ်ရာ မလုပ်ဆောင်ဘဲ စစ်ကောင်စီက မကွေးတိုင်း၊ ပေါက်မြို့နယ်နှင့် ဗန်းမော်မြို့ကို လေကြောင်းက ဗုံးကြဲ တိုက်ခိုက်မှုများ လုပ်ခဲ့ကြောင်း သိရသည်။ နိုင်ငံတဝန်း ငလျင်ကြောင့် လူ ထောင်ချီ သေကြေပျက်စီးမှုနှင့် နေအိမ်အဆောက်အအုံ ပြိုကျ ပျက်စီးမှုကြောင့် အခက်အခဲဖြစ်နေချိန်တွင် စစ်ကောင်စီတပ်က လေကြောင်းက အရပ်သားများနေထိုင် နေရာများကို ဗုံးကြဲတိုက်ခိုက်နေသည်။ ယနေ့ မတ်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန် ပေါက်မြို့နယ် အနောက်မြောက်ပိုင်းအတွင်းသို့ စစ်ကောင်စီတပ်က စစ်ရဟတ်ယာဉ် ၁ စီးဖြင့် ဗုံးကြဲခဲ့ပြီး ထိခိုက် ပျက်စီးမှုတစ်ချို့ ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

Continue Reading
ငလျင်ဘေး ဩစတြေးလျကူညီမည့် ဒေါ်လာ ၂ သန်း စစ်ကောင်စီထံ မပေးဘဲ ICRC မှ တစ်ဆင့် ထောက်ပံ့ကူညီမည်
သတင်း သဘာဝဘေး
1 min read
0

ငလျင်ဘေး ဩစတြေးလျကူညီမည့် ဒေါ်လာ ၂ သန်း စစ်ကောင်စီထံ မပေးဘဲ ICRC မှ တစ်ဆင့် ထောက်ပံ့ကူညီမည်

မေ ၃၀ - ၂၀၂၅
1

မြန်မာငလျင်ဘေးသင့်ပြည်သူများအတွက် ဩစတြေလျနိုင်ငံမှ ကနဦး ဒေါ်လာ ၂ သန်းကို နိုင်ငံတကာကြက်ခြေနီအသင်း ICRC မှ တစ်ဆင့် ထောက်ပံ့ကူညီပေးသွားမည်ဟု ယနေ့ မတ်လ ၃၀ တွင် ထုတ်ပြန်သည်။ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နှင့်ပြီးဖြစ်သော ဆိုးရွားသည့် လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေကို ပိုမိုခက်ခဲစေခဲ့သည့် ငလျင်ဖြစ်ရပ်ဆိုးကြောင့် ထိခိုက်ခံစားခဲ့ရသူများ အားလုံးအတွက် များစွာဝမ်းနည်းကြေကွဲရသည်ဟု ဩစတြေးလျ နိုင်ငံက ပြောသည်။ ထိုကြောင့် လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းများကို အဆောတလျင် လုပ်ဆောင်နိုင်ရန် ICRC မှတစ်ဆင့် ကူညီပေးသွားမည်ဟု ပြောဆိုထားသည်။ နိုင်ငံအချို့က အကူအညီများ စစ်ကောင်စီထံမှတစ်ဆင့် သွားရောက်နေချိန် ဩစတြေးလျနိုင်ငံက စစ်ကောင်စီထံ မပေးဘဲ ICRC မှတစ်ဆင့် ကူညီပေးခြင်းဖြစ်သည်။ သြစတြေးလျအနေဖြင့် မြန်မာစစ်အာဏာရှင်အဖွဲ့အစည်းထံသို့

Continue Reading
မန္တလေး ပျော်ဘွယ်တွင် ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၁၀၀ ကျော် ရှိလာ
သတင်း သဘာဝဘေး
0 min read
0

မန္တလေး ပျော်ဘွယ်တွင် ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၁၀၀ ကျော် ရှိလာ

မေ ၃၀ - ၂၀၂၅
1

မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်တွင် အဆောက်အအုံပြိုကျပြီး သေဆုံးသူ ၁၀၀ ကျော်ရှိလာပြီဖြစ်ကြောင်း ပျော်ဘွယ် မီးသတ်တပ်ဖွဲ့က ပြောသည်။ ငလျင်လှုပ်ခတ်မှုကြောင့် ဘာသာရေးအဆောက်အဦများ၊ လူနေအိမ်များပျက်စီးဆုံးရှုံးခြင်း၊ လူသေဆုံးဒဏ်ရာရခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း ပျော်ဘွယ် မီးသတ်တပ်ဖွဲ့က ယနေ့ မတ် ၃၀ ရက်နေ့မှာ ထုတ်ပြန်သည်။ ပျော်ဘွယ်မြို့နယ်တွင် လတ်တလော ငလျင်ကြောင့် သေဆုံးသူ ၁၀၀ ကျော်ခန့်ရှိခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်နေဆဲဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့က ပြောသည်။ယနေ့ နံနက်ပိုင်းတွင် ပြိုကျနေသော ငလျင်ကြောင့် ကမ္ဘောဇဘဏ် အဆောက်အဦအတွင်း ၂၄ နာရီကျော် ပိတ်မိသော ဘဏ်ဝန်ထမ်းတစ်ဦးအား အန္တရာယ်ကြားမှ ခက်ခက်ခဲခဲ ကယ်ဆယ်ခဲ့သည်ကို တွေ့ရသည်။

Continue Reading