ပြည်ပရောက် အလုပ်သမားများအား ကာကွယ်စောင့်ရှောက်ပေးနေသည်ဟု မင်းအောင်လှိုင် ပြောစကား အလိမ်အညာဟု ပြော
စစ်ရေး သတင်း
1 min read
0

ပြည်ပရောက် အလုပ်သမားများအား ကာကွယ်စောင့်ရှောက်ပေးနေသည်ဟု မင်းအောင်လှိုင် ပြောစကား အလိမ်အညာဟု ပြော

မေ ၁ - ၂၀၂၅
0

ပြည်ပရောက် မြန်မာအလုပ်သမားများကို ကာကွယ်စောင့်ရှောက်နိုင်ရန် နိုင်ငံတကာမှာ အလုပ်သမားသံအရာရှိများ ခန့်အပ်တာဝန်ပေးထားပြီး အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။ ထို့အပြင် သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံ မရှိသည့်နိုင်ငံများတွင် သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံးများ၊ ကောင်စစ်ဝန်ချုပ်ရုံးများမှ ကာကွယ်စောင့်ရှောက် ပေးလျက်ရှိသည်ဟု မင်းအောင်လှိုင်က ပြောသည်။ ယနေ့ မေလ ၁ ရက်နေ့တွင် ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ သဝဏ်လွှာတွင် မင်းအောင်လှိုင်က ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ “ပြည်ပရောက် မြန်မာအလုပ်သမားများကို ကာကွယ်စောင့်ရှောက်နိုင်ရန် ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် အလုပ်သမား သံအရာရှိများ ခန့်အပ်တာဝန်ပေးထားပြီး အလုပ်သမားသံအရာရှိ မရှိသည့်နိုင်ငံများတွင် သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံးများ၊ ကောင်စစ်ဝန်ချုပ်ရုံးများမှ ကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည်” ဟု ပြောဆိုထားခြင်းဖြစ်သည်။ မင်းအောင်လှိုင်၏ ပြောစကားများမှာ

Continue Reading
မကွေး ငဖဲမြို့က ထွက်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို CDF Asho တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၉ ဦးသေဆုံး
စစ်ရေး သတင်း
1 min read
0

မကွေး ငဖဲမြို့က ထွက်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို CDF Asho တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၉ ဦးသေဆုံး

မေ ၁ - ၂၀၂၅
0

မကွေးတိုင်း ငဖဲမြို့နယ် ပဇီကျေးရွာမှ ထွက်လာသော စစ်ကောင်စီတပ် အင်အား ၂၀ ကျော်ပါသော စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သား ၉ ဦးသေဆုံးချင်းကာကွယ်ရေးတပ် – အရှို CDF Asho က ထုတ်ပြန်သည်။ ယမန်နေ့ ဧပြီလ ၃၀ ရက် နံနက် ၈ နာရီတွင် နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း၏ ကာကင်းဖြစ်သော ငဖဲမြို့နယ် ပဇီကျေးရွာရှိ စစ်ကောင်စီ စစ်ကြောင်းကို CDF Asho က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်သား ၉ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိသွားကြောင်းနှင့် MA အမျိုးအစား လက်နက်ငယ် ၉ လက်၊ ကျည်ဘောက်နှင့် ခဲယမ်းအချို့ကို သိမ်းဆည်းရမိကြောင်း

Continue Reading
တိုင်းသုံးတိုင်းက AA နှင့် PDF သိမ်းပိုက်ထားသော နေရာများကို စစ်ကောင်စီက ထိုးစစ်ဆင်လာ၍ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေ
စစ်ရေး သတင်း
1 min read
0

တိုင်းသုံးတိုင်းက AA နှင့် PDF သိမ်းပိုက်ထားသော နေရာများကို စစ်ကောင်စီက ထိုးစစ်ဆင်လာ၍ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေ

မေ ၁ - ၂၀၂၅
0

ရခိုင်ရိုးမပေါ်နှင့် ရိုးတောင်ခြေရင်းတွင် သိမ်းပိုက်ထားသော အာရက္ခတပ်တော် AA နှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ PDF များ နေရာများ၊ စခန်းများကို စစ်ကောင်စီက ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်နေသည်။ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတို့ မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတို့တွင် တိုက်ပွဲပြင်းထန်ရှိနေပြီး လက်လွတ်ခဲ့ရသော နေရာများကို စစ်ကောင်စီက ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။ CDM ဗိုလ်ကြီးဇင်ယော်က “ပန်းတောင်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသမှာ နှစ်ဖက်စလုံး စစ်ရေးတင်းမာနေကြတယ်။ AA ရဲ့ တပ်မှူးတွေနဲ့ သိတော့ သူတို့ဆီကနေတစ်ဆင့် သိရတာ။ ဒါပေမယ့် အဲဒီဖက်မှာ သူတို့ သတင်းထုတ်ပြန်တာ မရှိကြဘူး။ စစ်ကောင်စီကလည်း အရင်က စက်ပေါ်ကနေ အလုပ်လုပ်တာ။ အခု လိုင်းပေါ်ကနေ

Continue Reading
SSPPနှင့် MNDAA စစ်ရေး တင်းမာမှုနေမှု နှစ်ဖက်ဗဟိုအဆင့် တွေ့ဆုံဖြေရှင်းမည်
စစ်ရေး သတင်း
1 min read
0

SSPPနှင့် MNDAA စစ်ရေး တင်းမာမှုနေမှု နှစ်ဖက်ဗဟိုအဆင့် တွေ့ဆုံဖြေရှင်းမည်

မေ ၁ - ၂၀၂၅
0

ရှမ်းပြည်တပ်မတော် SSPPနှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA တို့ကြား စစ်ရေးတင်းမာနေမှု တွေ့ဆုံဖြေရှင်းကြမည်ဟု SSPP ၏ ယနေ့ ဧပြီလ ၃၀ ရက် ထုတ်ပြန်သည်။ ဧပြီလ ၂၈ ရက်နေ့က အောက်ခြေအဆင့် ရုန်းရင်းဆန်ခတ်ဖြစ်ပြီး တိုက်ခိုက်မှုကြောင့် နှစ်ဖက်စလုံးတွင် တပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိသည့် အခြေအနေဖြစ်ခဲ့ကြသည်ဟု ပြောသည်။ ဧပြီလ ၂၈ ရက်နှင့် ၂၉ ရက် နှစ်ရက်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်က တော်ဟိုင်းရွာ၊ ဟူးမြီရွာ၊ နားနန်း၊ စိန်ကျော့ အပါအဝင် နေရာရှစ်ခုမှာထိတွေ့တင်းမာမှု ၈ ကြိမ်အထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ SSPP ၏ ထုတ်ပြန်ချက်ထဲတွင် “နှစ်ဖက်တပ်တွေ ရုန်းရင်းဆန်ခတ်ဖြစ်လို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တာကြောင့်

Continue Reading
ညီနောင်မဟာမိတ်သုံးဖွဲ့ ငလျင်အပစ်ရပ် သက်တမ်းတစ်လ ထပ်တိုး
စစ်ရေး သတင်း
1 min read
0

ညီနောင်မဟာမိတ်သုံးဖွဲ့ ငလျင်အပစ်ရပ် သက်တမ်းတစ်လ ထပ်တိုး

မေ ၁ - ၂၀၂၅
0

ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သော ကိုးကန့်တပ် MNDAA၊ တအောင်းတပ် TNLA နှင့် အာရက္ခတပ်တော် AA တို့က အာဏာသိမ်း စစ်ကောင်စီတပ်အား ထိုးစစ်ဆင်တိုက်ခိုက်မှု နောက်ထပ် ၁ လ သက်တမ်းတိုးလိုက်ကြောင်း ယနေ့ မေလ ၁ ရက်တွင် ထုတ်ပြန်သည်။ ငလျင်နောက်ဆက်တွဲ လုပ်ငန်းများနှင့်ဆက်စပ်၍ တိုက်တာအဆောက်အအုံများရှင်းလင်းရေးနှင့် လူသားချင်း စာနာထောက်ထားရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးတို့ အတွက် တစ်ဖက်သတ် အပစ်ရပ်ကာလအား သက်တမ်းထပ်တိုးလိုက်ရခြင်း ဖြစ်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ဆိုသည်။ မြန်မာပြည်အလယ်ပိုင်းတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ညီနောင်မဟာမိတ်သုံးဖွဲ့သည် ဧပြီလ ၁ ရက်မှ ၃၀ ရက်အထိ တစ်ဖက်သက် အပစ်ရပ်စဲမှု ၁ လကို ပထမဆုံးအကြိမ် ထုတ်ပြန်ခဲ့သည်။

Continue Reading
အလုပ်သမားနေ့မှာ ထိုင်းက မြန်မာအလုပ်သမားကူညီရေးရုံး ဖြိုဖျက်ခံရ
သတင်း အလုပ်သမားသတင်း
1 min read
0

အလုပ်သမားနေ့မှာ ထိုင်းက မြန်မာအလုပ်သမားကူညီရေးရုံး ဖြိုဖျက်ခံရ

မေ ၁ - ၂၀၂၅
0

ယနေ့ မေလ ၁ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့မှာ ထိုင်းနိုင်ငံမှာရှိသော မြန်မာအလုပ်သမားများအား ကူညီဆောင်ရွက်ပေးနေသော AAC မဟာမိတ်အဖွဲ့ရုံး ဖြိုဖျက်ခံရကြောင်း သိရသည်။ ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်မြို့ ထစန်ရပ်ကွက်မှာ ရှိသော AAC မဟာမိတ်အဖွဲ့ရုံးအား မြေပိုင်ရှင်၏ ညွှန်ကြားချက်ဖြင့် အလုပ်သမားများမှ လာရောက်ဖြိုဖျက်သွားခြင်းဖြစ်သည်။ ထိုင်းအာဏာပိုင်များမှ လာရောက်ဖြိုဖျက်ခြင်းမဟုတ်ဘဲ မြေပိုင်ရှင်၏ အလုပ်သမားများမှ လာရောက်ဖြိုဖျက်ခြင်းဖြစ်ပြီး စာချုပ်အရ နောက်တစ်နှစ် နေရအုံးမည်ဟု AAC မဟာမိတ်အဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးခိုင်ကြီးက ပြောဆိုထားသည်။ မြေပိုင်ရှင်၏ ခွင့်ပြုချက်မရှိဘဲ အဆောက်အဦးအား ဆောက်လုပ်ထားသည်ဟု အကြောင်းပြချက်ဖြင့် လာရောက်ဖြိုဖျက်ရကြောင်း ပြောဆိုထားပြီး AAC မဟာမိတ်အဖွဲ့က ထိုင်းအာဏာပိုင်များအား တိုင်းတန်းကာ အဆောက်အဦးဖြိုချမှုကို ယခု

Continue Reading