ဘင်္ဂလားဒေ့ရှ်နိုင်ငံက မွတ်ဆလင်ဒုက္ခသည်များကို လာမည့်နှစ် ၂၀၂၆ ခုနှစ်အတွင်း ရခိုင်ပြည်သို့ ပြန်လည်ပို့ဆောင်သွားမည်ဟု ဘင်္ဂလားဒေ့ရှ် အကြီးအကဲ မိုဟာမက် ယူနွတ်စ်က ကတိပေး ပြောကြားခဲ့သည်။
ယမန်နေ့ မတ်လ ၁၄ ရက်နေ့တွင် ကော့ဘဇားက မွတ်ဆလင်ဒုက္ခသည်စခန်းများသို့ ကုလအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်နှင့်အတူ ရောက်ရှိနေချိန် မွတ်ဆလင်များနှင့် တွေ့ဆုံရာတွင် မစ္စတာ ယူနွတ်စ်က ပြောဆိုခဲ့ခြင်းဖြစ်သည်။
မွတ်ဆလင်ဒုက္ခသည်များအနေဖြင့် လာမည့်နှစ် ရမဒန်ဥပုသ်လ ပွဲတော်အတွင်း ရခိုင်ပြည်က နေရပ်များတွင် ကျင်းပနိုင်ရေး ကြိုးပမ်းသွားမည်ဟု မစ္စတာ ယူနွတ်စ်က ထပ်မံ ကတိပေးခဲ့သည်။
မွတ်ဆလင်များ နေရပ် ရခိုင်ပြည်သို့ ပြန်သွားနိုင်ရေးကို ကုလသမဂ္ဂအဖွဲ့ UN နှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ယူနွတ်စ်က ဆိုသည်။
သို့သော် မွတ်ဆလင် ဒုက္ခသည်များအား မည်သို့မည်ပုံ ပို့ဆောင်မည့် အသေးစိတ်ကို ၎င်းက ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့ခြင်းမရှိခဲ့ပေ။



လက်ရှိတွင် ဘူးသီးတောင်၊ မောင်တော နယ်စပ်အပါအဝင် ရခိုင်မြောက်ပိုင်းတစ်ခုလုံးကို အာရက္ခတပ်တော် AA က သိမ်းပိုက်ထိန်းချုပ်ထားပြီး နယ်စပ်တစ်လျောက်တွင် AA တပ်ဖွဲ့ဝင်အများဖြင့် တပ်လှပ်ထားသည်။
ဘင်္ဂလားဒေ့ရှ် အစိုးရ၏ မွတ်ဆလင်ဒုက္ခသည်များ နေရပ်ပြန်ပို့မည့် အစီအစဉ်ကို အာဏာသိမ်း စစ်ကောင်စီထက် ရခိုင်ကို သိမ်းပိုက်ထားသည့် အာရက္ခတပ်တော် AA ဖြင့်သာ ဆွေးနွေးစီစဉ် ရမည်ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ် ရောက်ရှိနေသည့် ကုလအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ် လည်း ယမန်နေ့က မွတ်ဆလင်ဒုက္ခသည်များဖြင့် တွေ့ဆုံခဲ့ပြီး မွတ်ဆလင်များက နေရပ်ပြန်လိုသည့် အကြောင်းကို အဓိက ပြောကြားကြကြောင်း ဂူတာရက်စ် က ထုတ်ပြန်ပြောဆိုထားသည်။
1 Comment
ox1wt9
Comments are closed.