Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
US President Donald Trump speaks during a swearing in ceremony for Alina Habba as US Attorney General for New Jersey, in the Oval Office of the White House in Washington, DC, on March 28, 2025. (Photo by SAUL LOEB / AFP)

အင်အားပြင်း ငလျင်ကြီးလှုပ်ခတ်သွားသည့် မြန်မာနိုင်ငံကို အကူအညီပေးသွားမည်ဟု အိမ်ဖြူတော် တွင် ပြုလုပ်သော မီဒီယာတွေ့ဆုံပွဲ၌ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က ပြောကြားခဲ့သည်။

သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက် တစ်ယောက်၏ မေးမြန်းမှုကို သမ္မတက ဖြေကြားသွားခဲ့ခြင်းဖြစ်ပြီး ကူညီရန်အတွက် တာဝန်ရှိသူများနှင့် စကားပြောနေကြောင်း ၎င်းက ဆိုသည်။

အမေရိကန်သမ္မတ ထရန့်က “ကျွန်ုပ်တို့က အကူအညီပေးသွားမှာပါ။ တာဝန်ရှိသူတွေနဲ့ စကားပြောဆိုခဲ့ပြီးပြီ ဖြစ်တယ်”ဟုပြောသည်။

အကူအညီပေးများ ဆက်လက်လုပ်ဆောင်ရန် မြန်မာနိုင်ငံဘက်မှာ တာဝန်ရှိသူများထံကို ပြောဆိုပြီး ဟု သမ္မတ ထရန့်က ပြောဆိုခဲ့သော်လည်း မည်သူနှင့်ပြောဆိုခဲ့သည် မည်သည့်ပုံစံဖြင့် အကူအညီပေးမည်ဆိုသည်ကို တိတိကျကျ ပြောဆိုခဲ့ခြင်း မရှိပေး

မတ်လ ၂၈ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်အချိန် လှုပ်ခတ်သော ငလျင်ကြောင့် နေပြည်တော်ကောင်စီနယ်မြေတွင် လတ်တလော သေဆုံးသူ ၉၆ ဦး၊ စစ်ကိုင်းတွင် ၁၈ ဦးနှင့် ကျောက်ဆည်တွင် ၃၀ ဦးရှိကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။

ဒဏ်ရာရရှိသူများမှာ နေပြည်တော်တွင် ၄၃၂ ဦး၊ စစ်ကိုင်းတွင် ၃၀၀ ဦးနှင့် ကျောက်ဆည်တွင် စိစစ်ဆဲ စုစုပေါင်း ၇၃၂ ဦးရှိပြီး သေဆုံးထိခိုက်ဒဏ်ရာရသူများ ဆက်လက် တိုးလာမည်ဖြစ်ကြောင်း မင်းအောင်လှိုင်က ဆိုသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ထုတ်ပြန်သော စာရင်းထက် လူပေါင်း ရာထောင်ချီ ပျောက်ဆုံးနေပြီး သေဆုံးသူများသည် ယခုထက် များနိုင်ကြောင်း ကူညီကယ်ဆယ်ပေးနေသူများနှင့် ဒေသခံများက ပြောသည်။

ငလျင်လှုပ်ခတ်မှုအပြီး နိုင်ငံတကာအနေနှင့် ကူညီပေးကြရန် အစိုးရပိုင်မီဒီယာများကတစ်ဆင့် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် တောင်းဆိုခဲ့သည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ