Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ကယ်ဆယ်ရေးဆေးကုသမှုအဖွဲ့ဝင် ၃၇ ဦး ယနေ့ မတ်လ ၂၉ ရက် ဒေသစံတော်ချိန် မနက် ၇နာရီ ကျော်အချိန်တွင် မြန်မာနိုင်သို့ ရောက်ရှိလာကြောင်း ရန်ကုန်မြို့ အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်သည်။

အဆိုပါအဖွဲ့သည် မြန်မာနိုင်ငံ၏ ငလျင်ဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် အချိန်မီ အရေးပေါ်ကူညီရန် ငလျင်ဖြစ်ပြီး ၁၈ နာရီအတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးရောက်ရှိလာသော အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့ ဖြစ်သည်။

အသက်ကယ်ကိရိယာများ ငလျင်ကြိုတင်သတိပေးစနစ်များ ခရီးဆောင်ဂြိုလ်တုများ ဒရုန်းတွေအပါအဝင် အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများ ၁၁၂ စုံ အဆိုပါ အဖွဲ့မှာ သယ်ဆောင် လာကြောင်း ဆိုသည်။

အလွန်အားပြင်းသည့်ငလျင်ဒဏ်ကို မြန်မာနိုင်ငံအတွင်းတွင် မန္တလေး၊ မေမြို့၊ တောင်ကြီး၊ စစ်ကိုင်း၊ မုံရွာ၊ ရွှေဘို၊ မိုးကုတ်၊ သီပေါ၊ လားရှိုး၊ ကျောက်မဲ၊ နေပြည်တော်၊ ပင်လောင်း၊ ရွာငံ၊ ပုဂံ၊ ညောင်ဦး၊ ပခုက္ကူ၊ မကွေး၊ မင်းတုန်း၊ ပြည်တို့မှာ ငလျင်ဒဏ်ကို ခံစားခဲ့ရသည်။

ထို့အပြင် ပေါင်းတည်၊ ဓနုဖြူ၊ ဒေးဒရဲ၊ မအူပင်၊ မြောင်းမြ၊ ဖျာပုံ၊ လပွတ္တာ၊ ညောင်တုန်း၊ ဟင်္သာတ၊ ပဲခူး၊ တိုက်ကြီး၊ ရန်ကုန်၊ မော်လမြိုင်၊ ဘားအံ၊ မြဝတီ၊ ကရင်နီ၊ ရေး၊ ထားဝယ်၊ မြိတ်၊ မိုးနဲ၊ ဒေးဒရဲ၊ တိုက်ကြီး၊ ဟသာ်တ အပါအဝင် မြို့များစွာတွင် ငလျင်ဒဏ်ကို ခံစားခဲ့ရပြီး အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံ ဘန်ကောက်၊ ချင်းမိုင်၊ မဲဆောက်တို့တွင်လည်း ငလျင်ဒဏ်ကို ခံစားခဲ့ရသည်။

မန္တလေးမြို့ အရှေ့မြောက်ဘက် ၁၂ မိုင်အကွာကို ဗဟိုပြုပြီး မတ်လ ၂၈ ရက် ၁၂ နာရီ ၅၀ မိနစ်အချိန်တွင် ပြင်းအား ၇ ဒသမ ၇ ရှိသော အင်းအားပြင်း မြေငလျင် လှုပ်ခတ်ခဲ့ကြောင့် သေဆုံးမှုများနှင့် ထိခိုက် အပျက်အစီးများ အများအပြား ရှိခဲ့သည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ