Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
Blood is seen on the face of an earthquake survivors as she rests in a hospital in Naypyidaw on March 28, 2025, after an earthquake in central Myanmar. A powerful earthquake rocked central Myanmar on March 28, buckling roads in capital Naypyidaw, damaging buildings and forcing people to flee into the streets in neighbouring Thailand. (Photo by Sai Aung MAIN / AFP)

“ဝ”ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က နိုင်ငံအနှံ့က ငလျင်ဘေးသင့်ပြည်သူများကို ကျပ်သန်း ၂၀၀၀ ကူညီမည်ဟု မတ်လ ၂၈ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

ယမန်နေ့ မတ်လ ၂၈ ရက် နေ့လယ် ၁၂ နာရီ ၅၀ မိနစ်တွင် ၇.၇ အဆင့်ရှိသော ငလျင်ကြီးမှာ မြန်မာပြည်အလယ်ပိုင်း စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ ရှမ်း၊ ပဲခူးနှင့် မကွေးတိုင်းတို့တွင် လှုပ်ခတ်ခဲ့ပြီး ထိခိုက်ပျက်စီးမှု၊ သေဆုံးမှု အလွန်များပြားကြောင်း သိရသည်။

ယနေ့ မတ်လ ၂၉ ရက် နံနက် ၁၂ နာရီ စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ နိုင်ငံအနှံ့က ငလျင်ကြောင့် သေဆုံးသူ ၁၀၀၂ ဦးအထိရှိလာပြီး ဒဏ်ရာရရှိသူ ၂၄၀၀ ဦးအထိရှိလာကြောင်း သိရသည်။

ငလျင်သင့် မြန်မာပြည်သူများမှာ အရေးပေါ်ကူညီကယ်ဆယ်ရေးများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အရေးတကြီးလိုအပ်နေကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ