Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ Sky Villa အဆောက်အဦး ပြိုကျ၍ အလောင်း ၉ လောင်း တွေ့ရှိထားပြီး ၄၃ဦး ကယ်ထုတ်ထားကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။

ပိတ်မိနေသူများအား ဗဟိုမီးသတ်သင်တန်းကျောင်းနှင့် ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းတို့မှ ရှာဖွေ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် ပူးပေါင်း၍ ရှာဖွေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခုအချိန်အထိ ၄၃ ဦးတို့အား အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီး သေဆုံးသူ ၉ဦးတို့၏ ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိခဲ့ကြောင်း ယနေ့ နေ့လယ်ပိုင်းတွင် ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။

ငလျင်ကြောင့် မန္တလေး Sky Villa ကွန်ဒိုပြိုကျမှုတွင် သုခဒိုင်းမွန်းစိန်တိုက်ပိုင်ရှင် ဒေါ်မိုးသီတာရွှေနှင့် မိသားစုဝင်များ သေဆုံးကြောင်း သုခဒိုင်းမွန်းစိန်တိုက်က တရား ဝင် သတင်းထုတ်ပြန်သည်။

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ လမ်း ၆၀၊ ၂၂လမ်းနှင့် ၂၃ လမ်းကြားရှိ ၁၁ ထပ်အမြင့်ရှိသည့် Sky Villa Condo မှာ ယမန်နေ့ ငလျင်ဒဏ်ကြောင့် ပြိုကျကာ မြေကြီးထဲကျွံဝင်သွားခဲ့ပြီး ပျောက်ဆုံးနေသူများ များပြားခဲ့သည်။

မြေပေါ်တွင် ၇ ထပ်သာ ကျန်ရစ်တော့ကာ ကွန်ဒို ၁၁ ထပ်တွင် ၄ ထပ်မှာ မြေထဲသို့ ကျွံဝင်သွားသည့်အတွက် လူအများအပြား ပိတ်မိသေဆုံးခဲ့ကြောင်း ကူညီဆယ်ရေး လုပ်ဆောင်နေ သူများက ပြောသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ