Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

(ငလျင်ဘေးသင့်သူများအား တတ်နိုင်သည်များ အမြန်ဆုံးကူညီမည်ဟုလည်း ဆို)

ငလျင်ကြောင့် ပြည်သူလူထုများ သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းနှင့် အဆောက်အဦးများ၊ ပစ္စည်းဥစ္စာများ ဆုံးရှုံးရခြင်းတို့အတွက် မိသားစုများ၊ ဆွေမျိုးများနှင့် ထပ်တူ ဝမ်းနည်းရပြီး များစွာ စိတ်မကောင်းဖြစ်ရသည်ဟု ညီနောင်မဟာမိတ်အဖွဲ့က ထုတ်ပြန်သည်။

ယမန်နေ့ မတ်လ ၂၈ ရက် နေ့လယ်ပိုင်းတွင် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော် တို့ကို ဗဟိုပြုလှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ပြည်သူများအတိဒုက္ခရောက်ကြခြင်းအပေါ် ကိုးကန့်တပ် MNDAA, တအောင်းတပ် TNLA နှင့် ရခိုင်တပ် AA တို့ပါဝင်သော ညီနောင်မဟာမိတ်အဖွဲ့က ယနေ့ မတ်လ ၂၉ ရက်တွင် ထုတ်ပြန်ပြောဆိုခြင်းဖြစ်သည်။

“သဘာဝဘေးဒဏ်ကြောင့် ပြည်သူလူထုများ အသက်အိုးအိမ်စည်းစိမ်နှင့် အဆောက်အအုံများ စွာတို့ ပျက်စီးဆုံးရှုံးခဲ့ရမှုအပေါ် မိမိတို့ ညီနောင်မဟာမိတ် (၃) ဖွဲ့အနေဖြင့် ကာယကံရှင်မိသားစုများ၊ ဆွေမျိုးများနှင့် ထပ်တူ ဝမ်းနည်းရပြီး များစွာ စိတ်မကောင်းဖြစ်ရပါသည်” ဟု ထုတ်ပြန်ထားသည်။

နောက်ဆက်တွဲ ငလျင်များ ထပ်မံဖြစ်ပေါ်လာနိုင်ဖွယ် ရှိနေသေးသောကြောင့် ပြည်သူလူထုများအနေဖြင့် အထူးဂရုစိုက် သွားလာ နေထိုင်ကြပါရန်နှင့် သတင်းမှန်များကို နားစွင့်ကြရန် ညီနောင်မဟာမိတ် ၃ ဖွဲ့က အကြံပြုတိုက်တွန်းထားသည်။

ငလျင်ဘေးဒဏ်သင့် ပြည်သူလူထုများအပေါ် လူသားချင်း စာနာထောက်ထားစွာဖြင့် တတ်နိုင်သည်များကို အမြန်ဆုံး ထောက်ပံ့ကူညီပေးသွားမည်ဖြစ်ကြောင်း ညီနောင်မဟာမိတ် (၃) ဖွဲ့က ဆိုသည်။

ယနေ့ မတ်လ ၂၉ ရက် နံနက် ၁၂ နာရီ စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ ငလျင်ကြောင့် သေဆုံးသူ ၁၀၀၀ ကျော်ရှိပြီး ဒဏ်ရာရရှိသူ ၂၄၀၀ ခန့်ရှိကြောင်း သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ထုတ်ပြန်ချက်အရ ငလျင်ကြောင့် မြန်မာနိုင်ငံအတွင်း အဆောက်အဦး ၃၀၀၀ နီးပါးနှင့် တံတား ၇ စင်း၊ လမ်းပေါင်း ၃၀ ကျော် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ