Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ငလျင်ဘေး ကူညီမယ့် စင်ကာပူ ရှာဖွေ့မည့်ကယ်ဆယ်ရေးအဖွဲ့ မြန်မာနိုင်ငံရောက်ရှိသည့်မြင်ကွင်း ဓါတ်ပုံ - Yangon International Airport

မြန်မာနိုင်ငံက ငလျင်ဘေးကို ကူညီရန်အတွက် စင်ကာပူနိုင်ငံ၏ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင် ၈၀ ဦးခန့်သည် ယနေ့ မတ်လ ၂၉ ရက် ညနေက မြန်မာနိုင်ငံရှိ ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာပြီး ဖြစ်သည်။

စင်ကာပူနိုင်ငံ၏ ရှာဖွေကယ်ဆယ်ရေးအဖွဲ့သည် စင်္ကာပူ ဒေသစံတော်ချိန် နေ့ခင်းပိုင်း ၁ နာရီ မိနစ် ၂၀ က ချန်ဂီလေဆိပ်ကနေထွက်ခွါ လာပြီး ယနေ့ ညပိုင်း ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်း Yangon International Airport က ဓာတ်ပုံနှင့်တကွ ထုတ်ပြန်သည်။

ကယ်ဆယ်ရေးသမားများထဲတွင် ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များနှင့် ရှာဖွေရေး ကျွမ်းကျင်သူများ ပါဝင်ပြီး ၎င်းတို့မှာ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အနီး လှုပ်ခတ်သွားကြောင်း ငလျင်ဘေး ကို သွားရောက် ကူညီမည် ဖြစ်သည်။

အဆိုပါ အဖွဲ့မှာ ရှာဖွေကယ်ဆယ်ရေးအတွက်လိုအပ်သည့် ဖြတ်တောက်စက်၊ အပျက်အစီးများကို မတင်နိုင်သော စက်ကိရိယာများ သယ်ဆောင်လာသည်ဟု သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ