မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ် သာသနာ့ဗိမာန်ကျောင်း ပြိုကျမှုမှ သံဃာတော် ၆ ပါး၏ ရုပ်အလောင်းများ တွေ့ရှိထားပြီး သံဃာတော် ၅၅ ပါးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ကြောင်းသိရသည်။
မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင်ဒဏ်ကြောင့် ချမ်းအေးသာစံမြို့နယ်ရှိ သာသနာ့ဗိမာန်ကျောင်း အဆောက်အဦး ပြိုကျ၍ ပိတ်မိနေသော သံဃာတော်များကို ကယ်ထုတ်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန ထုတ်ပြန်သည်။
သံဃာတော်များကို မီးသတ်ဦးစီးမှူးရုံးမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ယနေ့ ညပိုင်းတွင် ထုတ်ပြန်သည်။