မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်တွင် အဆောက်အအုံပြိုကျပြီး သေဆုံးသူ ၁၀၀ ကျော်ရှိလာပြီဖြစ်ကြောင်း ပျော်ဘွယ် မီးသတ်တပ်ဖွဲ့က ပြောသည်။
ငလျင်လှုပ်ခတ်မှုကြောင့် ဘာသာရေးအဆောက်အဦများ၊ လူနေအိမ်များပျက်စီးဆုံးရှုံးခြင်း၊ လူသေဆုံးဒဏ်ရာရခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း ပျော်ဘွယ် မီးသတ်တပ်ဖွဲ့က ယနေ့ မတ် ၃၀ ရက်နေ့မှာ ထုတ်ပြန်သည်။
ပျော်ဘွယ်မြို့နယ်တွင် လတ်တလော ငလျင်ကြောင့် သေဆုံးသူ ၁၀၀ ကျော်ခန့်ရှိခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်နေဆဲဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့က ပြောသည်။
ယနေ့ နံနက်ပိုင်းတွင် ပြိုကျနေသော ငလျင်ကြောင့် ကမ္ဘောဇဘဏ် အဆောက်အဦအတွင်း ၂၄ နာရီကျော် ပိတ်မိသော ဘဏ်ဝန်ထမ်းတစ်ဦးအား အန္တရာယ်ကြားမှ ခက်ခက်ခဲခဲ ကယ်ဆယ်ခဲ့သည်ကို တွေ့ရသည်။
ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး အဆောက်ဦမှာအတွင်းမှာ ငလျင်ကြောင့် ပျောက်ဆုံးနေသူများ ဆက်လက် ကယ်ထုတ်နေကြောင်း ပျော်ဘွယ်မြို့နယ်မီးသတ်ဦးစီးဌာန က ပြောသည်။
1 Comment
tc5hh5