Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

မြန်မာငလျင်ဘေးသင့်ပြည်သူများအတွက် ဩစတြေလျနိုင်ငံမှ ကနဦး ဒေါ်လာ ၂ သန်းကို နိုင်ငံတကာကြက်ခြေနီအသင်း ICRC မှ တစ်ဆင့် ထောက်ပံ့ကူညီပေးသွားမည်ဟု ယနေ့ မတ်လ ၃၀ တွင် ထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နှင့်ပြီးဖြစ်သော ဆိုးရွားသည့် လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေကို ပိုမိုခက်ခဲစေခဲ့သည့် ငလျင်ဖြစ်ရပ်ဆိုးကြောင့် ထိခိုက်ခံစားခဲ့ရသူများ အားလုံးအတွက် များစွာဝမ်းနည်းကြေကွဲရသည်ဟု ဩစတြေးလျ နိုင်ငံက ပြောသည်။

ထိုကြောင့် လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းများကို အဆောတလျင် လုပ်ဆောင်နိုင်ရန် ICRC မှတစ်ဆင့် ကူညီပေးသွားမည်ဟု ပြောဆိုထားသည်။

နိုင်ငံအချို့က အကူအညီများ စစ်ကောင်စီထံမှတစ်ဆင့် သွားရောက်နေချိန် ဩစတြေးလျနိုင်ငံက စစ်ကောင်စီထံ မပေးဘဲ ICRC မှတစ်ဆင့် ကူညီပေးခြင်းဖြစ်သည်။

သြစတြေးလျအနေဖြင့် မြန်မာစစ်အာဏာရှင်အဖွဲ့အစည်းထံသို့ မည်သည့် တိုက်ရိုက်အကူအညီမှ ပေးအပ်ခြင်းမရှိသလို မြန်မာနိုင်ငံအတွက် အကူအညီများသည် စစ်အာဏာရှင် အဖွဲ့အစည်းကို တရားဝင်စေမှုမဖြစ်စေရန် အသေအချာကြိုတင်ပြင်ဆင်ဆောင်ရွက်သည်ဟု ဆိုသည်။

အဆိုပါ အကူအညီသည် ICRC အနေဖြင့် အရေးပေါ်ကျန်းမာရေးဆိုင်ရာ အကူအညီများ ပေးအပ်ခြင်းအပါအဝင် အသက်ကယ်ဆယ်ရေးပံ့ပိုးမှုများကို ချက်ချင်းလုပ်ဆောင်နိုင်စေရန် အထောက်အကူဖြစ်စေမည်ဟု သြစတြေးလျက ဆိုသည်။

အမိုးအကာ၊ အစားအစာနှင့် သောက်သုံးရေတို့ ကဲ့သို့သော အဆောတလျင် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် UN Central Emergency Response Fund (CERF) မှ အမေရိကန်ဒေါ်လာ ၅ သန်းပေးအပ်ခြင်းကိုလည်း ကြိုဆိုပြီး CERF ၏ ကာလရှည်ပံ့ပိုးကူညီသူဖြစ်သည်ဟု ဩစတြေးလျနိုင်ငံက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပွားလျက်ရှိသည့် အကျပ်အတည်းသည် တည်ငြိမ်ရေးအတွက် အဓိက ခြိမ်းခြောက်မှုတစ်ခုဖြစ်ပြီး ပိုမိုဆိုးရွားလာနေသော လူသားချင်းစာနာမှုဆိုင် ရာအခြေအနေကို တုံ့ပြန်ဆောင်ရွက်နိုင်ရန် သြစတြေးလျမှ ဆက်လက်ကူညီပံ့ပိုးနေကြောင်း ထုတ်ပြန်ထားသည်။

1 Comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ