စစ်ခေါင်းဆောင် မင်းအောင်လှိုင် အလိုမရှိကြောင်း ဆန္ဒပြ ထိုင်းလူမျိုးများနှင့် ဆန္ဒပြပွဲ လာရောက်ဟန့်တားသည့် ထိုင်းအမျိုးသားရေးလှုပ်ရှားသူများ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြသည်။
ဧပြီ ၅ရက် နံနက် ၁၁နာရီခန့်က ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂ UNရုံးရှေ့၌ ထိုင်းလူမှု အသင်းအဖွဲ့ဖြစ်သော Bright Future အဖွဲ့သည် နိုင်ငံသား ၆,၀၀၀ ကျော်သတ်ဖြတ်ထားသည့် မင်းအောင်လှိုင်အား ထိုင်းနိုင်ငံသို့ ဖိတ်ခေါ်မှုအပေါ် ကန့်ကွက်ဆန္ဒပြခဲ့သည်။
မင်းအောင်လှိုင်ကို ဆန္ဒပြမည့် အဖွဲ့ကို ထိုင်းအမျိုးသားရေးအဖွဲ့များက လာရောက် နှောင့်ယှက်တိုက်ခိုက်ခဲ့ပြီး ထိုင်းရဲတပ်ဖွဲ့က ဆန္ဒပြ အဖွဲ့ခေါင်းဆောင် ဗီရကို ဘေးကင်းရာ သို့ ခေါ်ထုတ်သွားခဲ့သည်။
ယနေ့ ဘန်ကောက်မြို့၊ ကုလသမဂ္ဂရုံးရှေ့တွင် ပြုလုပ်မည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဆန့်ကျင် ဆန္ဒပြပွဲမှာ တရားဝင်ခွင့်ပြုချက် တောင်းခံ၍ ပြုလုပ်မည့် ဆန္ဒပြပွဲ ဖြစ်ကြောင်း သိရသည်။
ထိုင်းအမျိုးသားရေးအဖွဲ့ဖြစ်သည့် ပြည်သူ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကော်မတီ PDRC မှ နှုတ်ခမ်းမွှေး ဦးဆောင်သော လူအချို့က မင်းအောင်လှိုင် ဆန့်ကျင်ရေး ဆန္ဒပြသူများအား စတင်ရန်ရှာခဲ့ခြင်း ဖြစ်ကြောင်း ထိုင်း သတင်းဌာနများက ပြောသည်။
ထိုင်းအမျိုးသားရေးအဖွဲ့များမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့်ပတ် သက်၍ သဘောထား တင်းမာသော အဖွဲ့များဖြစ်ပြီး ထိုင်းနိုင်ငံနှင့် ထိုင်းမြေကို ကာကွယ်ရမည်ဟု ကြွေးကြော်နေသော အမျိုးသားရေး လှုပ်ရှားသူများလည်းဖြစ်သည်။
ဘင်းမ်စတက် အစည်းအဝေးကျင်းပရာ ဘန်ကောက်ရှန်ဂရီလာဟိုတယ်ထိ သွားရောက်ပြီးတက္ကသိုလ် စစ်ကောင်စီ ခေါင်းဆောင် ကို ပထနှစ်ကျောင်းသား ပွန်သည် ဆန္ဒပြနေစဉ်မှာ ဖမ်းဆီးခံခဲ့ရပြီး ပြန်လွတ်မြောက်ခဲ့သည်။