Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံ အလယ်ပိုင်းကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် မြန်မာနိုင်ငံတွင် သေဆုံးသူ ၃၄၅၅ ဦးရှိလာကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ယခုအချိန်အထိ သေဆုံးသူ ၃၄၅၅ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၄၈၄၀ ဦး၊ ပျောက်ဆုံးနေသူ ၂၁၄ ဦး စုစုပေါင်း ၈၆၀၀ ကျော်ခန့် ထိခိုက်သေဆုံးမှုဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆောက် အဦးပေါင်း ၅၂၂၃ လုံး၊ စာသင်ကျောင်းပေါင်း ၁၈၂၄ ကျောင်း၊ ဘုန်းတော်ကြီး ကျောင်းနှင့် သီလရှင်စာသင်တိုက် ၂၇၅၂ ကျောင်း ထိခိုက်ပျက်စီးဆုံးရှုံးခြင်း၊ ဘုရား စေတီပေါင်း ၄၈၁၇ ခု ထိခိုက်ပျက်စီးဆုံးရှုံးခြင်း၊ ဆေးရုံဆေးခန်း ၁၆၇ ခုပျက်စီးခြင်း ဖြစ်ပေါ်ကြောင်း စစ်ကောင်စီက ဆိုသည်။

လမ်းပန်းဆက်သွယ်ရေးအနေဖြင့် ရန်ကုန်-နေပြည်တော်-မန္တလေး သွားရထားလမ်းနှင့် ကားလမ်းများပျက်စီးခြင်းနှင့် အချို့ဘူတာများတွင် ပျက်စီးမှုများဖြစ်ပေါ်ခြင်း၊ တံတား ၁၆၉ စင်းပျက်စီးခြင်းတို့ ပါဝင်သည်.

ထို့အပြင် ဆည်မြောင်းတမံ ၁၉၈ ခုထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခြင်း၊ အမြန်လမ်းမကြီးတစ်လျှောက် အပိုင်း ၁၈၄ ခုထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခြင်းများဖြစ်ပေါ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများ များပြားကြောင်း စစ်ကောင်စီက ဆိုသည်။

နောက်ဆက်တွဲ ငလျင်များစွာ လှုပ်ခတ်နေသည့်အတွက် ပြည်သူများမှာ မိမိတို့၏ မူလ နေရာများတွင် မနေရဲဘဲ ကွင်းပြင်များနှင့်ပလက်ဖောင်းများပေါ်တွင် တဲထိုး၍ နေထိုင်ကြရသည်။

ပြီးခဲ့သည့် မတ် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့ပြီးနောက် လက်ရှိအချိန်အထိ နောက်ဆက်တွဲ ငလျင် အကြိမ်ရေ ၈၀ ကျော် လှုပ်ခတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ