Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

(သေဆုံးသူ မြန်မာ ၃၂ ဦးရှိ)

ထိုင်းနိုင်ငံ ဘန်ကောက် ငလျင် သေဆုံး သို့မဟုတ် ပျောက်ဆုံးနေသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမား များအနေဖြင့် လူပျောက်စာရင်းတိုင်ကြားရန် လိုအပ်ကြောင်း မြန်မာလုပ်သမားများအရေး ကူညီဆောင်ရွက်ပေးနေသည့် WAG အဖွဲ့က တိုက်တွန်းပြောဆိုနေသည်။

ဘန်ကောင်မြို့တွင် ငလျင်လှုပ်ခတ်မှု‌ကြောင့် ဆောင်လုပ်ဆဲ အဆောက်အဦး ပြိုကျပျက်စီးသွားပြီး အလုပ်သမား ၁၀၀ ကျော်သေဆုံးခဲ့သည်ဟု ထိုင်းအလုပ်သမား၀န်ကြီးဌာနမှ ဧပြီလ ၃ ရက်နေ့က ထုတ်ပြန်ကြေညာ ထားသည်။

WAG အဖွဲ့ တာဝန်ရှိသူ ကိုမုန်တိုင်းက “ကျွန်တော် စာရင်းပြုစုထားသလောက်တော့ သေဆုံးတာ မြန်မာ ၃၂ ယောက်လောက်ရှိနေပြီ။ အခုဟာက သေဆုံးတွေက ထက်တိုးလာတယ်ဖို့ များနေတယ်။ မိသားစု၀င်တချို့က တိုင်ကြားတဲ့သူတွေရှိသလို လာမတိုင်တဲ့ သူတွေလဲရှိတော့ လက်ရှိစာရင်း အတိကျက ပြောရခက်နေတယ်။ ထိုင်းမိသားစု၀င်တွေဆိုရင် လာတိုင်ကြတယ်။ အခုဆိုရင် ၅၁‌‌‌ ယောက် စာရင်းထွက်လာတယ်။ အဲဒါကြောင့် လာတိုင်ကြပါ” ဟု ပြောသည်။

သေဆုံးသွားသော အလုပ်သမားများကို ထိုင်းအစိုးရက ထောက်အထားများနှင့် အချက်အလက်များ ပြည့်စုံလျှင် နစ်နာကြေးအဖြစ် ထောက်ပံ့ငွေ ဘတ် ၁၇ သိန်း ပေးမည်ဟု ထိုင်းအစိုးရက တရားဝင် ထုတ်ပြန် ပြောဆိုထားသည်။

“စာရင်းပေးတိုင်ကြားလာခဲ့လို့ ထိုင်းအစိုးရက စစ်ဆေးကြည့်တဲ့ခါမှာအချက်အလက်ပြည့်စုံတယ် မှန်ကန်တယ် ဆိုရင် ၇ ရက်အတွင်း နစ်နာ‌ကြေး ဘတ် ၁၇ သိန်း ပေးအပ်သွားမှာဖြစ်တယ်” ဟု ကိုမုန်တိုင်းက ပြောသည်။

ဘန်ကောက်မြို့က ပြိုကျပျက်စီးသွားသော အဆောက်အဦးဘေးတွင် ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ ရုံးဖွင့်လှစ်ထားပြီး ယင်းနေရာတွင် လူပျောက်စာရင်းတိုင်းရမည်ဟု WAG အဖွဲ့က ပြောသည်။

“ထိုင်းအစိုးရ၀န်ကြီးဖက်က သေဆုံး ဒါမှမဟုတ် ပျောက်ဆုံးသူတွေရဲ့ မိသားစု၀င် တကယ်ဟုတ်မဟုတ်ကို စစ်ဆေးသွားမယ်။ စစ်ဆေးလို့ မှန်ကန်တယ်ဆိုရင် ၇ ရက်အတွင်းကို နစ်နာ‌ကြေးထုတ်ပေးသွားမယ်။ တကယ်လို့ စာရွက်စာတမ်း မရှိသူတွေဆိုရင် သူဌေးဘက်က နစ်နာ‌‌ကြေးပေးရမယ်လို့ ထိုင်းအစိုးရက ပြောတယ်။ ဒါ့ကြောင့် လူပျောက်လာတိုင်ဖို့ လိုအပ်ပါတယ်” ဟု WAG တာဝန်ရှိသူ ကိုမုန်တိုင်းက ဆိုသည်။

ငလျင်ကြောင့် ပြိုကျပျက်စီးသွားသည် ဘန်ကောက်မြို့က ဆောက်လက်စ အဆောက်အဦးထဲမှာ မြန်မာ၊ လာအို၊ ထိုင်း အပါအဝင် အလုပ်သမား ၄၀၀ ထက်မနည်း လုပ်ကိုင်လျက် ရှိကြောင်းသိရသည်။

လက်ရှိတွင် ထိုင်းအစိုးရက ကယ်ဆယ်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် လုပ်ကိုင်ဆောင်ရွက်နေကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ