မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဆောက်လက်စ အဆောက်အဦးတွင် သံမဏိတင်သွင်းသူ တရုတ်လုပ်ငန်းရှင်းကို ထိုင်းအစိုးရက ဖမ်းဝရမ်းထုတ်ထားကြောင်း သိရသည်။
ဘန်ကောက်မှာ ပြိုကျသွားသော စာရင်းစစ်ချုပ်ရုံး အဆောက်အဦးတွင် လိုအပ်သော သံထည်များကို တင်သွင်းခဲ့သော တရုတ်နိုင်ငံသာ Xin Ke Yuan ကို ဖမ်းဝရမ်း ထုတ်ထားခြင်းဖြစ်ကြောင်း ထိုင်းမီဒီယာ Khaosod English က ဖော်ပြသည်။
ဘန်ကောက်အဆောက်အဦး ပြိုကျမှုတွင် သံသယရှိသူ တရုတ်နိုင်ငံသား Xin Ke Yuan ကို ထိုင်းအစိုးရက ယနေ့ ဧပြီလ ၁၁ ရက်တွင် ဖမ်းဝရမ်း ထုတ်လိုက်ခြင်းဖြစ်သည်။
မတ်လ ၂၈ ရက်နေ့က ဘန်ကောက်မြို့အပါအဝင် ထိုင်းတစ်နိုင်ငံလုံးတွင် ငလျင်လှုပ်ခတ်ခဲ့ပြီး ဘန်ကောက်မြို့ထဲက ဆောက်လက်စ အဆောက်အဦးတစ်ခုသာ ပြိုကျပျက်စီးသွားသည်။



သံမဏိတင်သွင်းသူ တရုတ်နိုင်ငံသားမှာ အဆောက်အဦး တည်ဆောက်ရာတွင် အရည်အသွေးနိမ့်သော သံမဏိကို အသုံးပြုခဲ့ကြောင်း ထိုင်းအစိုးရက စိစစ်တွေ့ရှိရသည်ဟု ဆိုသည်။
ထိုကြောင့် ဖမ်းဝရမ်းထုတ်ထားသော တရုတ်နိုင်ငံသား Xin Ke Yuan ၏ သံမဏိတင်သွင်းမှုကို ရပ်တန့်ထားခြင်းနှင့် ရင်းနှီးမြှုပ်မှုများအား ရုပ်သိမ်းထားပြီး ၎င်းအား ဖမ်းဆီးရန် ထိုင်းအစိုးရက ကြိုးပမ်းနေခြင်းဖြစ်သည်။
ငလျင်ကြောင့် ဘန်ကောက်မြို့က ပြိုကျသွားသော အဆောက်အဦးတွင် ယနေ့ ဧပြီလ ၁၁ ရက်နေ့အထိ သေဆုံးသူ ၂၅ ဦးနှင့် ပျောက်ဆုံးနေသူ ၆၉ ဦးရှိကြောင်းလည်း ထိုင်းသတင်းဌာနများက ဖော်ပြထားကြသည်။