ကြိုတင် ထုတ်ပြန် ကြေညာထားခြင်းမရှိဘဲ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် မလေးရှားဝန်ကြီးချုပ်နှင့် တွေ့ဆုံရန် ဘန်ကောက်သို့ ရောက်ရှိလာကြောင်း ထိုင်းအခြေစိုက် The Reporters က ဖော်ပြသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ယနေ့ ဧပြီ ၁၇ ရက် မွန်းလွဲ ၃ နာရီအချိန်ခန့်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ရောက်ရှိနေပြီ အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
မင်းအောင်လှိုင်သည် ဘန်ကောက်မြို့ရှိ Rosewood ဟိုတယ်သို့ရောက်ရှိလာခြင်းဖြစ်ပြီး ထိုင်းစံတော်ချိန် ညနေ ၃နာရီခွဲခန့်တွင် အစည်းအဝေးပြုလုပ်ခဲ့ကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြသည်။
မလေးရှားဝန်ကြီးချုပ် အန်ဝါအီဗရာဟင်နှင့် မင်းအောင်လှိုင်တို့ ငလျင်လှုပ်ခတ်ပြီးနောက် လူသားချင်းစာနာမှု အကူအညီပေးအပ်ရေးကိစ္စများနှင့် ချမ်းရေးအခြေအနေများအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၃ ရက်နေ့ကလည်း ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ BIMSTEC ထိပ်သီး အစည်းအဝေးကို စစ်ခေါင်းဆောင် တက်ရောက်ရန် သွားရောက်ခဲ့သည်။