Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ဇန်နဝါရီမှ မတ်လအတွင်း ဖမ်းဆီးထားသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား ၅၅ ဦးကို အာရက္ခတပ်တော် AA က ဧပြီလ ၁၆ ရက်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း The Daily Star သတင်းက ဖော်ပြသည်။

ရခိုင်ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက် ငါးဖမ်းမှုကြောင့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားများကို အာရက္ခတပ်တော် AA က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် တက္ကနပ် ဆိပ်ကမ်းတစ်ခုမှ တစ်ဆင့် ဖမ်းဆီးထားသော ငါးဖမ်းသမားများကို အာရက္ခတပ်တော် AA က ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် BGB ထံ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အာရက္ခတပ်တော် ဖမ်းဆီးထားသော ငါးဖမ်းသမားများကို ပြန်လည်ခေါ်ယူနိုင်ရေး အဆက်မပြတ် ကြိုးစားခဲ့သည်ဟု BGB တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး Md Ashiqur Rahman က ပြောသည်။

“မြန်မာပင်လယ်ပြင်မှာ အာရက္ခတပ်တော် AA က ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားတွေကို ဖမ်းထားတယ်ဆိုတာကို သိရတယ်။ သူတို့ကို ပြန်ခေါ်နိုင်ဖို့ BGB က အဆက်မပြတ် ကြိုးစားခဲ့တယ်။ အဆက်မပြတ် ကြိုးပမ်းအားထုတ်ပြီးနောက်မှာ ဗုဒ္ဓဟူးနေ့က ပြန်လည်ခေါ်ယူနိုင်ခဲ့တယ်” ဟု ပြောသည်။

ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားများသည် ရခိုင်ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက် ငါးဖမ်းမှုကြောင့် အာရက္ခတပ်တော် AA က ဖမ်းဆီးပြီး စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိနေသည်။

အာရက္ခတပ်တော် AA သည် နှစ်နိုင်ငံ ချစ်ကြည်ရေးကို ပိုမိုတိုးမြှင့်စေရန်အတွက် ငါးဖမ်းသမားများအား အပြစ်မယူဘဲ ပြန်လွှတ်ပေးခြင်းရှိသည်ဟု AA ၏ ယခင် ထုတ်ပြန်ချက်များအရ သိရသည်။

အာရက္ခတပ်တော် AA က ဘူးသီးတောင်၊ မောင်တောဒေသနှင့် ရခိုင်ရေပိုင်နက်ဖြစ်သည့် နတ်မြစ် ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသကို ထိန်းချုပ်သိမ်းပြီးနေက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက တရားမဝင် ငါးခိုးဖမ်းမှုများ ပိုမိုဝင်ရောက်လာကြကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ