Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ဧပြီလ ၁၇ ရက် နှစ်ဆန်းတစ်ရက်တွင် အာဏာသိမ်း စစ်ကောင်စီက လွှတ်ပေးသော နိုင်ငံရေးအကျဉ်းသား ၃၀၁ ဦးရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က ယနေ့ ဧပြီလ ၁၈ ရက် နေ့လယ်ပိုင်းတွင် ထုတ်ပြန်သည်။

စစ်ကောင်စီ လွှတ်ပေးခဲ့သော နိုင်ငံရေးအကျဉ်းသား ၃၀၁ ဦးထဲမှာ အမျိုးသမီး ၁၃၅ ဦးနှင့် အမျိုးသား ၁၆၆ ဦး ပါဝင်ပြီး အင်းစိန်အကျဉ်းထောင်က အများဆုံး ပါဝင်လွတ်မြောက်ခဲ့ကြောင်း သိရသည်။

လွတ်မြောက်လာသူများမှာ ပေါင်းတည်အကျဉ်းထောင်က ၂ ဦး၊ သရက်အကျဉ်းထောင် ၂ ဦး၊ ထားဝယ်အကျဉ်းထောင် ၁ ဦး၊ ပြည်အကျဉ်းထောင် ၉ ဦး၊ တောင်ငူအကျဉ်းထောင် ၁ ဦး၊ သာယာဝတီအကျဉ်းထောင် ၂ ဦး၊ ကလေးအကျဉ်းထောင် ၂ ဦး၊ ညောင်ဦးအကျဉ်းထောင် ၂ ဦး၊ ပခုက္ကူအကျဉ်းထောင် ၅ ဦး၊ ဒိုက်ဦးအကျဉ်းထောင် ၅ ဦး၊ အိုးဘိုအကျဉ်းထောင် ၃ ဦး တို့ ဖြစ်ကြသည်။

ဆက်လက်ပြီး ရမည်းသင်းအကျဉ်းထောင် ၁၅ ဦး၊ မြင်းခြံအကျဉ်းထောင် ၁ ဦး၊ မကွေးအကျဉ်းထောင် ၁၁ ဦး၊ မိတ္ထီလာအကျဉ်းထောင် ၃ ဦး၊ ဘားအံအကျဉ်းထောင် ၃ ဦး၊ ပုသိမ်အကျဉ်းထောင် ၁ ဦး၊ တာချီလိတ်အကျဉ်းထောင် ၂ ဦး၊ အင်းစိန်အကျဉ်းထောင် (စီစစ်ဆဲ) ၂၀၀ ဦး၊ မြိတ်အကျဉ်းထောင် ၁ ဦး တို့ ဖြစ်ကြကြောင်း PPNM က ထုတ်ပြန်ထားသည်။

အခြားကျန်ရှိနေသော အကျဉ်းထောင်များကိုလည်း ဆက်လက် စာရင်းကောက်ယူနိုင်ရေး ကြိုးစားလျှက်ရှိသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ဆိုသည်။

အာဏာသိမ်း စစ်ကောင်စီက ယမန်နေ့ ဧပြီလ ၁၇ ရက်တွင် လွှတ်ပေးခဲ့သော အကျဉ်းသားစုစုပေါင်း ၄၈၉၃ ဦးနှင့် နိုင်ငံခြားသားအကျဉ်းသား ၁၃ ဦးတို့ရှိပြီး ယင်းအထဲတွင် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်လာသူ PPNM ထုတ်ပြန်ချက်အရ ၃၀၁ ဦးရှိကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ