Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

သက်တော် ၈၈နှစ်အရွယ် ရှိသော ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ဧပြီ ၂၁ ရက် ရောမစံတော်ချိန် မနက် ၇ နာရီ ၃၅ မိနစ်မှာ ကွယ်လွန်သွားပြီ ဖြစ်ကြောင်း ဗာတီကန် နန်းတော်က ယနေ့ ထုတ်ပြန်လာသည်။

ရိုမန်ကက်သလစ် ဘာသာဝင်များ၏ အထွတ်အမြတ်ထားရာ အီစတာပွဲတော်ကာလတွင် ကွယ်လွန်သွားခြင်း ဖြစ်သည်ဟု ဗာတီကန် နန်းတော်ဘဏ္ဍာထိန်း ကာဒီနယ် ကီဗင်ဖားရဲလ်က ထုတ်ပြန်သည်။

ပုပ်ရဟန်းမင်းကြီးသည် ဖရန်စစ်အာဂျင်တီးနားနိုင်ငံက ဖြစ်ပြီး တောင်ကမ္ဘာခြမ်းနှင့် အမေရိကတိုက်များကနေ တင်မြှောက်ခံရသော ပထမဆုံး ပုပ်ရဟန်းမင်းကြီး ဖြစ်သည်။

နာတာရှည် အဆုတ်ရောင်ခံစားနေခဲ့ရသော ပုပ်ရဟန်းမင်းကြီးဟာ ပြီးခဲ့တဲ့ ဖေဖာ်ဝါရီလ မှာလည်း အဆုတ်ရော ရောဂါကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ဝေဒနာများ ခံစားခဲ့ရပြီး ဆေးရုံတက်ခဲ့ရခြင်း ဖြစ်သည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ