Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ငလျင်ကြောင့် တက္ကသိုလ်ဝင်တန်းအဖြေလွှာများ ပျက်စီးသွား၍ မန္တလေး၊ စစ်ကိုင်း၊ ကချင်နှင့် နေပြည် တော်တို့မှ ကျောင်းသား/ကျောင်းသူများ အားလုံး စာမေးပွဲ ပြန်ဖြေရမည်ဟု စစ်ကောင်စီက ယနေ့ ကြေညာသည်။

အဆိုပါ စာမေးပွဲ ကို ဇွန်လ ၁၆ ရက်နေ့မှ စတင်၍ ဇွန်လ ၂၁ ရက်နေ့အထိ ဖြေဆိုရမည် ဖြစ်ပြီး စာမေးပွဲ ပြန်ဖြေခိုင်းရန် စစ်ကောင်စီက စီစဉ်နေခြင်းကို ကျောင်းသားသမဂ္ဂနှင့် ပညာရေးအသိုင်းဝိုင်းက ကန့်ကွက်နေသည်။

ငလျင်ကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင်ကြီးပြိုကျ မီးလောင်ကျွမ်းခဲ့ရာ မန္တလေး၊ စစ်ကိုင်းနှင့် ကချင်ပြည်နယ် ကျောင်းသား ၆၂,၉၅၄ ဦး၏ အဖြေလွှာစာအုပ် ၃၇၆,၉၅၆ အုပ် ပျက်စီး ဆုံးရှုံးသွားသည်။

မန္တလေး တိုင်းဒေသကြီးမှ ဖြေဆိုသူဦးရေ ၄၆၉၄၄ ဦး၏ အဖြေလွှာအုပ်ရေ ၂၈၀၉၄၀ အုပ်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ဖြေဆိုသူဦးရေ ၇၃၁၁ ဦး၏ အဖြေလွှာအုပ်ရေ ၄၃၈၂၇ အုပ်၊ ကချင် ပြည်နယ်မှ ဖြေဆိုသူဦးရေ ၈၆၉၉ ဦး၏ အဖြေလွှာအုပ်ရေ ၅၂၁၈၉ အုပ် စုစုပေါင်း အဖြေလွှာ ၄ သိန်းဝန်းကျင် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရသည်။

မတ် ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင် ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်အပြင် နောက်ဆက်တွဲအဖြစ် မီးလောင်မှုများ ဖြစ်ပေါ်ခဲ့သည်။

ထိုကဲ့သို့ ကျောင်းသားကျောင်းသူများ၏ အဖြေလွှာများ မီးလောင် ပျက်စီးသွားခဲ့သည့်အတွက် စာမေးပွဲ ပြန်လည် ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်နိုင်ရန် မင်းအောင်လှိုင်က မတ်လ ၂၉ ရက်နေ့ မန္တလေး ခရီးစဉ်အတွင်း ညွှန်ကြားခဲ့သည်။

အခြေခံပညာကျောင်းများတွင် မေလ ၁ ရက်နေ့ ကျောင်းသားကျောင်းသူများကို အနီးကပ် ၂ ပတ် ကျောင်းတက်ခိုင်းနေပြီး ငလျင်ဒဏ်ကြောင့် နေအိမ်များ ပျက်စီးခြင်းနှင့် စီးပွားရေးများ ပျက်စီးခြင်းတို့ကြောင့် တက္ကသိုလ်ဝင် စာမေးပွဲ ပြန်လည် ဖြေဆိုရန် ခက်ခဲနေကြသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ