Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ- ရခိုင်ပြည်၊ မြောက်ပိုင်းမြို့နယ်တစ်ခုတွင် ULA/AA က ဆိုင်ကယ်စီးသူများအား ဆိုင်ကယ်ဦးထုပ် ဆောင်းရန် ကြပ်မတ်နေသည်ကို ယခုရက်ပိုင်းများတွင် တွေ့ရစဉ်

အာရက္ခတပ်တော် AA ထိန်းချုပ်မြို့နယ်များတွင် ဆိုင်ကယ်စီးသူများအား ဆိုင်ကယ်ဦးထုပ် မဖြစ်မနေဆောင်းကြရန် ကြပ်မတ်ပြီးနောက် ဆိုင်ကယ် ဦးထုပ်များအား စျေးမြှင့်ရောင်းချမှုများ ရှိနေသည်။

ဆိုင်ကယ်စီးသူများ ဆိုင်ကယ် ဦးထုပ်မဖြစ်မနေ ဆောင်းရန် ကြပ်မတ်ခြင်းကို ယခုလပိုင်းအတွင်း မြို့နယ် အလိုက် စတင် လုပ်ဆောင်ပြီးနောက် ဆိုင်ကယ် ဦးထုပ်စျေးနှုန်းမှာ မူလထက် စျေး ၂ ဆ ခန့် ဈေးမြှင့် ရောင်းချလာကြသည်။

မင်းပြားမြိုခံတစ်ဦးက “ဆိုင်ကယ် ဦးထုပ်အကောင်းထဲက ဆိုရင် ၁ သိန်းလောက်တောင်းနေကြတယ်။ အရင်က ဒီလောက် မရှိပါဘူး။ ၄ သောင်းကျော် ၅ သောင်းလောက်ပဲ။ အခု ဦးထုပ်မဆောင်း မနေရ လုပ်ပြီးမှ စျေးမြင့်သွားတာ။ ဒီစျေးနှုန်းနဲ့ ဝယ်နိုင်တဲ့သူမရှိသလောက်နည်းတယ်” ဟုပြောသည်။

ယခင်က ဆိုင်ကယ် ဦးထုပ် ဈေးနှုန်းမှာ အမြင့်ဆုံး ကျပ် ၄၀၀၀၀ မှ ၅၅၀၀၀ ဝန်းကျင်သာ ရှိခဲ့သော်လည်း လက်ရှိတွင်မူ ကျပ် ၁ သိန်း အထိရှိနေကြောင်း ဆိုင်ကယ် ဦးထုပ် အရောင်းဆိုင်များမှ ပြောသည်။

ဘင်္ဂလာဒေ့ရှ်နိုင်ငံ ဖက်မှ တင်သွင်းလာသည့် ဆိုင်ကယ်ဦးထုပ်များမှာ စျေးနှုန်း သက်သာသော်လည်း အရည်သွေး မကောင်း၍ အဆင်မပြေကြောင်းနှင့် အန္တရာယ် မကင်းကြောင်း မြောက်ဦး ဒေသခံတစ်ဦးကပြောသည်။

“စျေးနည်းတာဆို ဘင်္ဂလားက ချလာတဲ့ဦးထုပ်တွေတော့ ရှိတယ်။ ၁၅၀၀၀ ကနေ ၃၅၀၀၀ ဝန်းကျင်စျေးရှိတယ်။ ဒါပေမယ့် ဒီဦးထုပ်တွေက ပုံမှန် ဦးထုပ်တွေလို အဆင်မပြေဘူး။ ပြီးတော့ အန္တရာယ်လည်းမကင်းဘူး” ဟုပြောသည်။

ထို့အပြင် ဆိုင်ကယ် တစ်စီးတွင် လူ ၃ ဦးမစီးရန် ကြပ်မတ်ခြင်းကို အာရက္ခတပ်တော်မှ မြို့နယ်အလိုက်လုပ်ဆောင်ထားပြီး ပြစ်ဒဏ်များမှာလည်း မြိုနယ်အလိုက်ကွာခြားမှုလည်း ရှိနေသည်ကို တွေ့ရသည်။

ဒေသခံများကမူ အဆိုပါစည်းကမ်းချက်များမှာ မဖြစ်လိုက်နားရမည့် အရာများဖြစ်သော်လည်း ဆိုင်ကယ် ဦးထုတ်စျေးနှုန်းများ မြှင့်တင် ရောင်းချနေခြင်းကိုလည်း ပြန်လည်ကြပ်မတ်ရန် လိုအပ်နေသေးကြောင်း ပြောဆိုကြသည်။

#Western #News #WN #AA #ဆိုင်ကယ် #စီးရန် #ကြပ်မတ် #ဆိုင်ကယ် #ဦးထုပ် #စျေးမြင့်တက်လာ

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ