တိုင်းရင်းသားလက်နက်တစ်ခု ဖြစ်သော KNU သို့ ပို့မည် လက်နက်များကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၊ တူးမြောင်းလမ်း (Canel Road) ပေါ်မှာ ဖမ်းဆီး ရမိခဲ့ကြောင်း ဧပြီလ ၂၂ရက် နေ့လယ် ပိုင်းက ထိုင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
သေနတ်နှင့် ကျည်ဆံများ သယ်ဆောင်လာသူ ထိုင်းအမျိုးသားနှစ်ယောက်တို့ကို ယာတာပစ်ကပ် အနက်ရောင်ကား တစ်စီးနှင့် အတူ ထိုင်းရဲတပ်ဖွဲ့က ယနေ့တွင် ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ က ထုတ်ပြန်သည်။
ဖမ်းဆီးခံရသော ထိုင်းအမျိုးသားနှစ်ဦးသည် အသက်၂၇နှစ်၊ ၂၈နှစ် အရွယ် ဖြစ်ကြပြီး ၎င်းတို့နှင့် အတူ ၅.၅၆ မမ ကျည်သုံး M16 ရိုင်ဖယ် ၁၀လက်၊ ကျည်ကတ် ၁၀ခု၊ M79 လောင်ချာ ၁၄လက်တို့နှင့် အတူ ဖမ်းဆီး ရရှိခဲ့သည်ဟု ဆိုသည်။



ထိုင်းရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ အဆိုပါအမျိုးသားနှစ်ဦးသည် ချင်းမိုင်ခရိုင်၊ ချန်ဖော့အရပ်ရှိ စတိုးဆိုင် တစ်ဆိုင်မှ မယ်ဟောင်ဆောင်ခရိုင်ကနေ မြန်မာနိုင်ငံမှာရှိသည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တစ်ခုဖြစ်သည့် KNU တပ်ဖွဲ့ထံ ပို့ဆောင်မှာ ဖြစ်ကြောင်း ဆိုသည်။
အဆိုပါ ထိုင်းအမျိုးသား နှစ်ဦးသည် ပို့ဆောင်ခအဖြစ် ဘတ် ၈ ထောင်မှ ၉ ထောင်အထိ ရရှိကြောင်း ရဲထံမှာ ဝန်ခံ ထွက်ဆိုထားကြကြောင်း ဆိုသည်။
ယခုကဲ့သို့ ပို့ဆောင်သည့်မှာ ၃ ကြိမ်မြောက် ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့များ ပြောဆိုချက်အရ ထိုင်းသတင်းဌာများက ရေးသားသည်။