Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - မဟာချိုင်က ဝင်ရောက်စီးနင်းဖမ်းဆီးခံရသော မြန်မာစားသောက်ဆိုင်။

ထိုင်းနိုင်ငံ စမုစခွန်ခရိုင် မဟာချိုင်မှာ မြန်မာများအတွက် သီးသန့်ဖွင့်လှစ်ထားသော စားသောက်ဆိုင်လည်းဖြစ် အပန်းဖြေဖျော်ဖြေရေးနေရာကို ထိုင်းအာဏာပိုင်များက ဝင်ရောက်စီးနင်းကြောင်း သိရသည်။

ဧပြီလ ၂၈ ရက် နံနက်ပိုင်းတွင် ဝင်ရောက် စီးနင်းခံရခြင်း ဖြစ်ပြီး ဆိုင်အတွင်း ဝင်ရောက်စစ်ဆေးချိန် လက်နက်၊ မူးယစ်ဆေးဝါး ဖမ်းဆီးရမိပြီး ဆိုင်ဝန်ထမ်းအချို့လည်း ဖမ်းဆီးခံရမှုရှိကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြကြသည်။

အဆိုပါ ဖမ်းဆီးမှုမှာ မြန်မာတစ်ဦး၏ သတင်းပေး တိုင်ကြားချက်ကြောင့်ဖြစ်ပြီး မြန်မာများအနေဖြင့် ယင်းကဲ့သို့ ခွင့်ပြုချက်မရှိဘဲ ဖျော်ဖြေရေးလုပ်ငန်းများ ဖွင့်လှစ်လုပ်ကိုင်ခွင့်မရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း စီးပွားရေးလုပ်နေသော မြန်မာတစ်ဦးက “အခုက ထိုင်းမှာ အွန်လိုင်းစျေးရောင်းတာကစလို့ ဆိုင်သေး၊ ဆိုင်ကြီး၊ အိမ်ခြံမြေပွဲစား အေးဂျင့် စတဲ့လုပ်ငန်းတွေမှာ မြန်မာတွေ လုပ်ကိုင်နေတာတွေကို အတော်ကြီးကို ဖမ်းဆီးနေပါတယ်။ ဖမ်းဆီးတယ်ဆိုတာက နှစ်ပိုင်းရှိတယ်။ တိုင်လို့ ဖမ်းတာရယ်၊ အွန်လိုင်းပေါ်နဲ့ ဖေ့ဘုတ်စ်၊ တစ်တော့မှာ တက်ပြီး ငါက အလုပ်ဖြစ်တယ်ဆိုတာမျိုး တက်ကြွယ်တာတွေကြောင့်ပါ” ဟု ပြောသည်။

ထိုင်းနိုင်ငံသားများ စီးပွားရေးမကောင်းချိန် မြန်မာများက စီးပွားဖြစ်နေသည့် အဖြစ်မျိုးကို ထိုင်းနိုင်ငံသားများက မလိုလားကြောင်းနှင့် မြန်မာများကလည်း စီးပွားရေး နည်းနည်း ကောင်းကြသည်ကို အွန်လိုင်းပေါ် တက်ကြွားနေကြကြောင်း ၎င်းက ဆိုသည်။

” ကိုယ့်မြန်မာတွေကလည်း နည်းနည်းလေး စီးပွားဖြစ်ရင် တစ်တော့နဲ့ ဖေ့ဘုတ်စ်မှာ တက်ပြီး ကြွားနေတော့ အမြင်ကပ်ပုဒ်မတွေလည်းပါတယ်” ဟု ဘန်ကောက်မြို့မှ မြန်မာတစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံ စမုစခွန်ရှိ မြန်မာသီးသန့် ဖျော်ဖြေရေးနေရာကို ထိုင်းအာဏာပိုင်များ ပါဝင်သော ဌာနပေါင်းစုံ အင်အား ၂၀၀ ကျော်ဖြင့် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#WesternNews #WN #ထိုင်းနိုင်ငံ #မြန်မာစားသောက်ဆိုင်များ #ဝင်ရောက်စီးနင်း #ဖမ်းဆီးအရေးယူ #လက်နက် #မူးယစ်ဆေးဝါးများ

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ