Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မိုင်းရှင်းလင်းရေး လုပ်နေသည့် အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်များအားတွေ့ ရစဉ်။ ဓါတ်ပုံ- APM

ပြီးခဲ့သည့် ဧပြီလ ၅ ရက်နေ့က ပလက်ဝမြို့နယ်မှာ အမျိုးသမီးတစ်ဦးကို အတင်းအဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူများကို ပွင့်လင်းမြင်သာမှုရှိစွာ တရားစီရင်ပေးရန် ချင်းပြည်အစိုးရအဖွဲ့က တောင်းဆိုသည်။

ဟင်းခူးရန်သွားသော စိမ်းစင်းကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးကို အာရက္ခတပ်တော် AA မှ တပ်ဖွဲ့ဝင်နှစ်ဦးက အတင်းအဓမ္မပြုကျင့်ပြီး ရေနစ်သတ်ဖြတ်ရန် ကြံစည်ခဲ့သည်ဟု မိသားစုဝင်များက ပြောဆိုထားသည်။

အာရက္ခတပ်တော် AA ပြောခွင့်ရ ဦးခိုင်သုခကလည်း သတင်းမီဒီယာများတွင် တပ်သားနှစ်ဦး အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်ခဲ့ကြောင်းကို ဝန်ခံပြောဆိုထားပြီး ကျူးလွန်သူများကို ဖမ်းဆီး စစ်ဆေးနေကြောင်းပြောသည်။

ပြစ်မှုနှင့်ပြစ်ဒဏ် မျှတစေရန်နှင့် ကျူးလွန်ခံရသူအမျိုးသမီး၏ တရားမျှမှုအတွက် ကျူးလွန်သူများကို ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟု ပြောဆိုထားသည်။

အာရက္ခတပ်တော် AA က ထိုသို့ ပြောထားချိန်တွင် ချင်းပြည်အစိုးရအဖွဲ့မှ ပွင့်လင်းမြင်သာမှုရှိစွာ တရားစီရင်ရေးကို ယနေ့ မတ်လ ၂ ရက်နေ့တွင် တောင်းဆိုလာခြင်းဖြစ်သည်။

ကျူးလွန်ခံရသူမှာ ချင်းအမျိုးသမီးဖြစ်သည့်အတွက် ရည်ရွယ်ချက်ချက်ရှိရှိ အတင်းအဓမ္မ ပြုကျင့်ခြင်းမှာ တိုင်းရင်းသား အချင်းချင်းကြား စိတ်ဝမ်းကွဲမှုနှင့် လူမျိုးရေးမုန်းတီးမှုကို ဖြစ်စေနိုင်ပြီး ထိုလုပ်ရပ်အား ပြင်းထန်စွာ ရှုတ်ချကြောင်းလည်း ချင်းပြည်အစိုးရ ဆိုသည်။

ကျူးလွန်သည့် AA တပ်သားနှစ်ဦးကို ပွင့်လင်းမြင်သာစွာ တရားစီရင်ပြီး ထိုက်သင့်သည့် ပြစ်ဒဏ်ပေးရန် လိုအပ်ကြောင်းနှင့် ကျူးလွန်ခံရသူအတွက် စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာ ရေးစောင့်ရှောက်မှုပေးခြင်း၊ လုံခြုံမှုနှင့် ဥပဒေအကာအကွယ် ဆောင်ရွက်မှုပေးခြင်း၊ လိုအပ်သော အကူအညီပံ့ပိုးပေးခြင်းများ ဆောင်ရွက်ရန် ချင်းပြည်အစိုးရက တိုက်တွန်းထားသည်။

ယင်းအပြင် ချင်းပြည်သူများအပေါ် နောက်နောင် ယခုကဲ့သို့ လူမဆန်သည့် အကြမ်းဖက်မှုများ လုံးဝ မပြုလုပ်ရန်လည်း ပြင်းထန်စွာ သတိပေးကြောင်း ချင်းပြည်အစိုးရ ဆိုသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ