Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
Ref:bdnews24

အာရက္ခတပ်တော် AA နှင့် ဆက်သွယ်ဆောင်ရွက်နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အာဏာသိမ်း စစ်ကောင်စီက ကန့်ကွက်မှုအပေါ် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လည်ပယ်ချလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ မီဒီယာများက ဖော်ပြသည်။

နိုင်ငံ၏ အကျိုးစီးပွားကို ကာကွယ်မြှင့်တင်ရန် လိုအပ်ကြောင်း ယူဆလျှင် မည်သည့်အဖွဲ့နှင့်မဆို ချိတ်ဆက် ဆောင်ရွက်သွားမည်ဟု ဘင်္ဂလားဒေ့ရှ် အမျိုးသားလုံခြုံရေး အကြံပေး ခါလီလာရာမန်က မေလ ၆ ရက်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်၏ လက်ရှိကြားဖြတ်အစိုးရအဖွဲ့သည် နယ်စပ်ဒေသများတွင် အာရက္ခတပ်တော် AA နှင့် ထိတွေ့ဆက်ဆံမှုများကို အာဏာသိမ်း စစ်ကောင်စီက ကန့်ကွက်ထားကြောင်းလည်း သိရသည်။

ဘင်္ဂလားဒေ့ရှ် အမျိုးသားလုံခြုံရေး အကြံပေး ခါလီလာရာမန်က “တခုစဉ်းစားရမှာက ကျနော်တို့နဲ့ နယ်စပ်ဖြတ်ကျော်ထိန်းချုပ်မှုဟာ AA လက်ထဲမှာရှိနေပါတယ်။ ဘင်္ဂလားဒေ့ရှ်ရဲ့ နယ်နိမိတ်၊ အချုပ်အခြာ ပိုင်နက်ကို စီမံခန့်ခွဲ ကာကွယ်ရမယ်မှာဖြစ်ပြီး ဒါဟာ နယ်စပ်ဖြတ်ကျော် ပြဿနာဖြစ်လို့ နယ်မြေထိန်းချုပ်ထားသူနဲ့ အဆက်အသွယ်လုပ်ရမယ် ” ဟု ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် နယ်စပ်ဖြတ်ကျော် ပြဿနာများကို အာရက္ခတပ်တော် AA နှင့် ဆက်သွယ်ဆောင်ရွက်နေသလို မွတ်ဆလင်ဒုက္ခသည်များအား ပြန်ပို့နိုင်ရေးအတွက်လည်း စစ်ကောင်စီနှင့်ပါ အာရက္ခတပ်တော်နှင့်ပါ နှစ်ဖွဲ့စလုံးကို ဆက်သွယ်ဆောင်ရွက်နေသည်။

သို့သော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အာရက္ခတပ်တော် AA ကို တရားဝင်အသိအမှတ်ပြု ဆက်ဆံခြင်း မရှိသေးကြောင်းနှင့် နယ်စပ်ဖြတ်ကျော် ပြဿနာများကိုသာ ထိတွေ့ဆက်ဆံနေခြင်းသာ ဖြစ်ကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ