(ဓါတ်ပုံသတင်း)
တအောင်းတပ် TNLA သိမ်းပိုက်ထားသော မန္တလေးတိုင်းထဲက မိုးကုတ်မြို့မှာ အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီး ပုံမှန်လည်ပတ်နေပြီဟု TNLA က ယမန်နေ့ ဩဂုတ်လ ၂၀ ရက်က ထုတ်ပြန်သည်။
ပတ္တမြားမြေဟု တင်စားကြသော မိုးကုတ်မြို့ကို ဇူလိုင်လ ၂၄ ရက်နေ့တွင် စစ်ကောင်စီထံမှ တအောင်းတပ် TNLA က အပြီးသတ်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
TNLA က အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်၍ ဒေသခံပြည်သူများမှာလည်း သွားလာလှုပ်ရှားမှုရှိနေကြပြီဟု TNLA က ဆိုသည်။