Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
Ref: AP, CNN, Al Jazeera

(သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်သော အစ္စရေးစစ်တပ်ကို Al Jazeera ရှုတ်ချ)

အစ္စရေးသိမ်းပိုက်ထားသော အနောက်ဘက်ကမ်းရှိ ရာမာလာမြို့ (Ramallah) က Al Jazeera သတင်းရုံးကို ယမန်နေ့ စက်တင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် အစ္စရေးစစ်တပ်က ဝင်ရောက်စီးနင်းပြီး ရုံးပစ္စည်းများကို သိမ်းဆည်းသွားကြောင်း သိရသည်။

အစ္စရေးတပ်ဖွဲ့ဝင်များသည် Al Jazeera သတင်းရုံး တံခါးပေါက်ကို ဖောက်ခွဲဖျက်ဆီး ဝင်ရောက်ပြီး ရုပ်သံထုတ်လွှင့်မှုနှင့် ရုံးအား ၄၅ ရက်ကြ ပိတ်ရန် အမိန့်ပေးစာအား ရာမလာ Al Jazeera တာဝန်ရှိသူအား ပေးအပ်ခဲ့သည်။

စစ်ရေးကို အနှောက်အယှက်ပေးခြင်း၊ အစ္စရေးစစ်ဆင်ရေးများကို ဖော်ထုတ်ခြင်း၊ စစ်သွေးကြွများကို သွေးထိုးလှုံ့ဆော်ခြင်းနှင့် အကြမ်းဖက်မှုများကို အားပေးသည်ဟု စွပ်စွဲချက်ဖြင့် Al Jazeera ရုံးကို ဝင်ရောက်စီးနင်း ပိတ်သိမ်းရခြင်းဖြစ်ကြောင်း အစ္စရေးတပ်ဖွဲ့ဝင်များ ပေးသည့် ပိတ်သိမ်းအမိန့်စာတွင် ဖော်ပြထားသည်။

အစ္စရေးတပ်ဖွဲ့ဝင်များ ရုံးခန်းအား ဝင်ရောက်ပြီးနောက် ဝန်ထမ်းများအား ချက်ချင်း ထွက်ခွာကြရန် အမိန့်ပေးပြီး ဝန်ထမ်းများမှ မိမိပစ္စည်းများကိုယူဆောင်ကာ ရုံးကိုစွန့်ခွာခဲ့ကြရသည်။

အယ်လ်ဂျာဇီးယား (Al Jazeera) က အစ္စရေး၏ “အခြေအမြစ်မရှိသော စွပ်စွဲချက်များ” ကို ရှုတ်ချထားသည်။

Al Jazeera ၏ ဒေသခံဗျူရိုအကြီးအကဲ Walid al-Omari က “ဒီလို စစ်တပ်ရဲ့ မတရား ဆုံးဖြတ်ချက်ဟာ စာနယ်ဇင်းလုပ်ငန်းနဲ့ မီဒီယာတွေကို ဆန့်ကျင်တဲ့ ရန်စမှုအသစ်တစ်ခုပဲ” ဟု ဆိုသည်။

အစ္စရေး ဆက်သွယ်ရေးဝန်ကြီး Shlomo Karhi ကလည်း ရာမာလာမြို့ရှိ Al Jazeera သတင်းရုံးခန်းသည် “ဟားမတ်စ်နှင့် ဟစ်ဇ်ဘိုလာအဖွဲ့၏ အာဘော်” နှင့် လက်ဘနွန်ရှိ ရှီးယိုက်ပြည်သူ့စစ်အဖွဲ့၏ စစ်သွေးကြွများကို အားပေးနေကြောင်း ပြောသည်။

“ကျွန်ုပ်တို့သည် ရန်သူလမ်းကြောင်းများကို ဆက်လက်တိုက်ခိုက်ပြီး ကျွန်ုပ်တို့၏ သူရဲကောင်းဆန်ဆန် တိုက်ခိုက်ရေးသမားများ၏ လုံခြုံရေးကို ထိခိုက်စေသည်” ဟု Karhi မှ X တွင်ရေးသားခဲ့သည်။

အစ္စရေးစာနယ်ဇင်းအဖွဲ့က သတင်းလွတ်လပ်ခွင့်ကို ခြိမ်းခြောက်နေသည့် အဆိုပါ လုပ်ရပ်များကို ပြန်လည်စဉ်းစားရန် အစ္စရေးအစိုးရအား တိုက်တွန်းထားသည်။

“နိုင်ငံခြား သတင်းထောက်တွေကို ကန့်သတ်ပြီး သတင်းချန်နယ်တွေကို ပိတ်လိုက်တာဟာ ဒီမိုကရေစီ တန်ဖိုးတွေကနေ ဝေးရာကို ကူးပြောင်းသွားစေပါတယ်” ဟု ဆိုသည်။

အစ္စရေး-ဟားမတ်စ်စစ်ပွဲကို Al Jazeera က ကျယ်ကျယ်ပြန့်ပြန့် လွှမ်းခြုံထားပြီး အဆက်မပြတ် သတင်းများကို အစီရင်ခံနေသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ