Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

စက်တင်ဘာလ ၁၉ ရက်နေ့က စတင်ခဲ့သည့် ဘင်္ဂလားဒေ့ရှ် စစ်တကောင်းဒေသက အကြမ်းဖက်မှုများအားလုံး ချုပ်ငြိမ်းရေးနှင့် နေထိုင်သူ ပြည်သူများအားလုံး ဘေးကင်းရေးကို ဦးစားပေးဆောင်ရွက်ရန် လုံခြုံရေးတပ်ဖွဲ့များကို ကြားဖြတ်အစိုးရ အကြီးအကဲ ယူနွတ်စ်က ညွှန်ကြားထားကြောင်း ရိုက်တာ သတင်းက ဖော်ပြသည်။

ဆိုင်ကယ် အခိုးခံရသည့် စွပ်စွဲမှုကတစ်ဆင့် ဌာနေတိုင်းရင်းသား သက္ကမလူမျိုးများ၏ ပိုင်ဆိုင်သော ဆိုင်ခန်း ၁၀၀ ကျော် မီးရှို့ဖျက်ဆီးခံရခြင်းကနေ ဘင်္ဂလားဒေ့ရှ် စစ်တကောင်းဒေသ မြို့ ၃ မြို့တွင် အကြမ်းဖက်မှု မြင့်တက်ခဲ့သည်။

မြေပြန့်က အခြေချလာသော မြေယာမဲ့ ဘင်္ဂလီမွတ်ဆလင်များက ဌာနေတိုင်းရင်းသား သက္ကမ လူမျိုးများ ပိုင်ဆိုင်သည့် ဈေးဆိုင်ခန်းများကို မီးရှို့ရာကနေ အကြမ်းဖက်မှုများ ကြီးထွားလာခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ အကြီးအကဲ ယူနွတ်စ်က ” အကြမ်းဖက်မှုများအတွက် အလွန်ဝမ်းနည်း စိတ်မကောင်းဖြစ်ရပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေနဲ့ အကြမ်းဖက်မှုတွေ အမြန်ဆုံး ချုပ်ငြိမ်းရေး တားဆီးရေးနဲ့ နေထိုင်သူတွေအားလုံး ဘေးကင်းရေးကို ဦးစားပေးဆောင်ရွက်ရမယ်။ ” ဟု ညွှန်ကြားခဲ့သည်။

Khagrachhari, Rangamati နှင့် Bandarban တို့ မြေယာမဲ့ ဘင်္ဂလီမွတ်ဆလင်များနှင့် ဌာနေတိုင်းရင်းသား သက္ကမ လူမျိုးတို့ကြား နှစ်ဖက်စလုံးတင်း မာလျှက်ရှိနေပြီး ဘင်္ဂလားဒေ့ရှ် စစ်တပ်က အဆိုပါဒေသအတွင်း ညမထွက်ရအမိန့် ပုဒ် ၁၄၄ ထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၂၀ ရက်နေ့က သက္ကမလူမျိုး ဆန္ဒဖော်ထုတ်ပွဲကို ဘင်္ဂလီအုပ်စုက အကြမ်းဖက်ရာ ဘင်္ဂလားဒေ့ရှ်စစ်တပ်က ဖြိုခွင်းစဉ် သက္ကမလူမျိုး ၄ ဦးသေဆုံးခဲ့ရပြီး လူ ၇၀ ကျော် ဒဏ်ရာရရှိခဲ့ကြသည်။

စစ်တပ်၏ အင်အားသုံး ဖြိုခွင်းမှုကြောင့် သေဆုံးခဲ့ရသည့် သက္ကမလူမျိုးများအတွက် တာဝန်ရှိသူများအား အရေးယူဆောင်ရွက်ပေးရန် ဌာနေတိုင်းရင်းသားများက တောင်းဆိုထားကြသည်။

အကြမ်းဖက်မှု ဖြစ်စဉ်များကို စုံစမ်းစစ်ဆေးရန် အဆင့်မြင့်ကော်မတီတစ်ရပ် ဖွဲ့စည်းဖြေရှင်းသွားမည်ဟု ပြည်ထဲရေးဝန်ကြီးဌာန အကြံပေး ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) Jahangir Alam Chowdhury က ပြောဆိုထားသည်။

ဘင်္ဂလားဒေ့ရှ် စစ်တပ်၏ အင်အားသုံး ဖြိုခွင်းမှုနှင့်အတူ မြေယာမဲ့ ဘင်္ဂလီအုပ်စုများ၏ အကြမ်းဖက်မှုများကြောင့် စစ်ကောင်းတောင်တန်းဒေသ အဆိုပါ ၃ မြို့နယ်က ဌာနေတိုင်းရင်းသားများနှင့် ဒေသခံပြည်သူများမှာ စိုးရိမ်ထိလန့်နေကြပြီး အများစုမှာ ဘေးကင်းရာကို ပြောင်းရွှေ့နေရကြောင်း သိရသည်။

အကြမ်းဖက်မှုများ ပြုလုပ်ရန် ဗလီအများအပြားက အသံချဲ့စက်အသုံးပြီး စည်းရုံးလှုံ့ဆော်ခဲ့ကြောင်းနှင့် ဗုဒ္ဓဘာသာ အဆောက်အဦးများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြကြောင်း မျက်မြင်သက်သေများက ပြောဆိုသည်ဟု ရိုက်သတင်းက ဆိုသည်။

၁၉၈၀ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်အစိုးရသည် မြေယာမဲ့ ဘင်္ဂလီမိသားစု ထောင်ပေါင်းများကို စစ်တကောင်း တောင်းတန်းဒေသတွင် ပြန်လည်နေရာချထားပေးခဲ့ကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ