Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဓါတ်ပုံ - ဘန်ကောက်ပို့စ်

ထိုင်းနိုင်ငံတွင် လိင်တူ လက်ထပ်နိုင်သည့် ဥပဒေကို ဘုရင်က အတည်ပြုလိုက်ပြီဟု တော်ဝင်ဂေဇက်က ထုတ်ပြန်ကြောင်း ဘန်ကေက်ပို့စ်သတင်းက ဖော်ပြသည်။

ယမန်နေ့ စက်တင်ဘာလ ၂၄ ရက်နေ့က ထိုင်းတော်ဝင်ဂေဇက်မှ ထုတ်ပြန်ပြီးနောက် ရက်ပေါင်း ၁၂၀ အကြာမှာ အသက်ဝင်မည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်နေ့တွင် စတင် လိင်တူလက်ထပ်နိုင်မည်ဖြစ်သည်။

Bangkok Pride တည်ထောင်သူ Waaddao Anne Chumaporn က “ဒီဥပဒေဟာ ထိုင်းနိုင်ငံရဲ့ တန်းတူညီမျှအခွင့်အရေးအတွက် ကြီးမားတဲ့ခြေလှမ်းတစ်ခုပါ” ဟု ပြောသည်။

စတင် လိင်တူလက်ထပ်နိုင်မည့် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် LGBTQ စုံတွဲ တစ်ထောင်ကျော်အတွက် အစုလိုက်အပြုံလိုက် မင်္ဂလာပွဲကို ဘန်ကောက်မြို့၌ပြုလုပ်ရန် စီစဉ်ထားကြောင်း Waaddao Anne Chumaporn က ဆိုသည်။

တက်ကြွလှုပ်ရှားသူများ၏ ဆယ်စုနှစ် နှစ်ခုကျော် ကြိုးစားအားထုတ်ပြီးနောက် အတည်ပြုလာသော ဥပဒေဖြစ်သည်ဟု သိရသည်။

လိင်တူချစ်သူများ၊ တက်ကြွလှုပ်ရှားသူများသည် ထိုလုပ်ရပ်ကို ချီးကျူးခဲ့ကြပြီး ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှတွင် လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ သာတူညီမျှမှုဆိုင်ရာ ဥပဒေပြဋ္ဌာန်းသည့် ပထမဆုံးနိုင်ငံဖြစ်လာမည်ဟု မှတ်ချက်ပြုခဲ့သည်။

ယခု လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေသည် “ယောက်ျား”၊ “အမျိုးသမီး”၊ “ခင်ပွန်း” နှင့် “ဇနီးများ” အစား ကျား-မ ဘက်မလိုက်သော အသုံးအနှုန်းများကို အသုံးပြုထားပြီး လိင်တူစုံတွဲများကို မွေးစားခြင်းနှင့် အမွေဆက်ခံခွင့်ကိုလည်း ပေးထားသည်။

“အိမ်ထောင်ရေး သာတူညီမျှမှု ဥပဒေကြမ်းသည် နိုင်ငံသားနှင့် ကူးသန်းရောင်းဝယ်ရေး ကျင့်ထုံးဥပဒေများပါ ပုဒ်မ ၆၀ မှ ၇၀ ခန့်ကို ပြင်ဆင်မည်ဖြစ်သောကြောင့် ကျားမရေးရာ အကျုံးဝင်သည့် ဥပဒေကြမ်းများထဲမှ တစ်ခု ဖြစ်လာလိမ့်မည်” ဟု နိုင်ငံတကာ လူ့အခွင့်အရေး ကျွမ်းကျင်သူနှင့် ဥပဒေပညာရှင် Vitit Muntarbhorn က မကြာသေးမီ ဖိုရမ်တစ်ခုတွင် ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံရှိ LGBTQ+ အသိုက်အဝန်းအတွက် တန်းတူညီမျှနှင့် ပါဝင်သော ဥပဒေဆိုင်ရာ အကာအကွယ်များ ရရှိစေရန်အတွက် အခြားသော ဥပဒေ ၅၀ ခန့်ကို ပြင်ဆင်ရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra က X လူမှုကွန်ရက်တွင် လူတိုင်း၏ ချစ်ခြင်းမေတ္တာအတွက် ဂုဏ်ပြုလိုက်ပါကြောင်း ရေးသားထားပြီး #Love Wins Hashtag ကို ဖော်ပြထားသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ