Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့က ထိုင်း-တရုတ် စစ်ရေးလေ့ကျင့်မှုတွင် CNS 'Chang Cheng' ကို ရေငုပ်သင်္ဘောကို ပြသထားစဉ်။ (ဓာတ်ပုံ- ထိုင်းဘုရင့်ရေတပ်)

အသစ်ခန့်အပ်ထားသော ထိုင်းရေတပ်အကြီးအကဲ Adm Jirapol Wongwit က ရေငုပ်သင်္ဘောဝယ်ယူရေး ပရောဂျက်ကို တရုတ်နိုင်ငံနှင့် ဆက်လက် ဆောင်ရွက်သွားမည်ဟု ပြောသည်။

ယမန်နေ့ စက်တင်ဘာလ ၃၀ ရက်တွင် ထိုင်းရေတပ်ဦးစီးချုပ်က သဘောထားပေးခဲ့ပြီး အစီအစဉ်အား ရှင်းပြရန် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးကို တွေ့ဆုံမည်ဟု သိရသည်။

ရေငုပ်သင်္ဘော အစီအစဥ်သည် ရေတပ်၏ စွမ်းဆောင်ရည်တည်ဆောက်ရေး မဟာဗျူဟာ၏ မရှိမဖြစ် အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ကာကွယ်ရေးဝန်ကြီး၏ စိုးရိမ်ပူပန်မှုများကို ဖြေရှင်းရန် ရည်ရွယ်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။

“ရေငုပ်သင်္ဘောအစီအစဉ်သည် ရေကြောင်းလုံခြုံရေးကို ထိန်းသိမ်းရာတွင် မည်ကဲ့သို့အရေးကြီးကြောင်း နှစ်ဖက်စလုံး နားလည်ကြောင်း သေချာစေရန် အောက်လွှတ်တော် အစီအမံများမတိုင်မီ ရေတပ်သည် အဆိုပါစီမံချက်ကို ခုခံကာကွယ်ရန် ပြင်ဆင်ထားပြီးဖြစ်သည်” ဟု ၎င်းက ဆိုသည်။

တရုတ် Shipbuilding & Offshore International Co (CSOC) သည် ထိုင်းအစိုးရနှင့် သဘောတူညီချက်အရ ဘတ် ၁၃.၅ ဘီလီယံတန်ဖိုးရှိ ရေငုပ်သင်္ဘောကို တည်ဆောက်ရန် စာချုပ်ချုပ်ဆိုခဲ့သည်။

Covid-19 ကပ်ရောဂါကြောင့် နှောင့်နှေးခဲ့ရပြီး အင်ဂျင်ပြဿနာကြောင့် ဆောက်လုပ်ရေးလုပ်ငန်းကို ခေတ္တရပ်နားထားရသည်။

၂၀၁၇ မေလတွင် ချုပ်ဆိုခဲ့သော မူရင်းသဘောတူညီချက်မှာ ဂျာမန်လုပ် ဒီဇယ်အင်ဂျင်ကိုသတ်မှတ်ထားသော်လည်း ဂျာမနီသည် အင်ဂျင်ကို တရုတ်သို့ ရောင်းချရန် ငြင်းဆိုထားသည်။

ရေတပ်၏ စွမ်းဆောင်ရည် မြှင့်တက်ရေးအတွက် ရေငုတ်သင်္ဘောဝယ်ယူရေး စီမံကိန်းကို ဆက်လက်လုပ်ဆောင်သင့်ကြောင်း ထိုင်းရေတပ်ဦးစီးချုပ်က ပြောသည်။

“အစိုးရက ဆိုင်းငံ့ထားသင့်တယ်လို့ ပြောရင် ကျွန်တော်တို့ရဲ့ စွမ်းဆောင်နိုင်ရည်တွေ လျော့ကျသွားလိမ့်မယ်။ ရလဒ်အနေနဲ့ လူတိုင်းကလည်း လက်ခံပြီး နားလည်ပေးရမယ်” ​​ဟု ဆိုသည်။

လာမည့်ငါးနှစ်အတွင်း အသုံးပြုရန် စီစဉ်ထားသည့် ၎င်း၏ ဖရီးဂိတ်ဝယ်ယူရေးအစီအစဉ်ကို ရန်ပုံငွေပေးရန် ၂၀၂၄ ဘတ်ဂျက်မှ ဘတ် ၁၇ ဘီလီယံကို ရေတပ်က တောင်းခံခဲ့သည်။

သို့သော်လည်း ၂၀၂၄ ခုနှစ် ဘတ်ဂျက်ဥပဒေကြမ်းကို အောက်လွှတ်တော်ကော်မတီမှ စိစစ်ပြီး ဘတ်ဂျက်တောင်းခံမှုကို ပယ်ချခဲ့ကာ ၂၀၂၆ ဘဏ္ဍာနှစ် ဘတ်ဂျက်တွင် ခွဲဝေသုံးစွဲရန် စီစဉ်ထားကြောင်း သိရသည်။

Ref: ဘန်ကောက်ပို့စ်

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ