Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

မြန်မာနိုင်ငံအတွင်း ကျူးလွန်ဖြစ်ပွားနေသော ရက်စက်ကြမ်းကြုတ်မှုများနှင့် တရားမျှတမှု၊ တာဝန်ခံမှုရှိရေးအတွက် အမေရိကန်၏ ကမ္ဘာလုံးဆိုင်ရာ တရားမျှတရေး သံအမတ် ဗန် ရှက်ခ် Van Schaack ထိုင်းနိုင်ငံ လာရောက်မည်ဟု သိရသည်။

အောက်တိုဘာလ ၄ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိပြီး ထိုင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူများဖြင့် တွေ့ဆုံကာ ၇ ရက်အနေ့အထိ နေမည်ဟု အမေရိကန်နိုင်ငံခြားရေးဌာနက ပြောဆိုထားသည်။

ထိုင်းအစိုးရအဖွဲ့အပြင် အရပ်ဘက်အဖွဲ့အစည်းများ၊ ကျွမ်းကျင်သူများနှင့် အခြားသော အဖွဲ့အစည်းများဖြင့် တွေ့ဆုံကာ မြန်မာပြည်က ရက်စက်ကြမ်းကြုတ်စွာ ကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေးနှင့် တာဝန်ခံမှုရှိစေရေးအတွက် ဆွေးနွေးကြမည်ဖြစ်သည်။

အမေရိကန်နိုင်ငံသည် မြန်မာပြည်က ရက်စက်ကြမ်းကြုတ်မှုများ ခံစားရသူများအတွက် တရားမျှတမှု၊ တာဝန်ခံမှုရှိစေရေးကို ကြိုးစားဆောင်ရွက်နေကြောင်း ဗန် ရှက်ခ်က ထပ်မံပြောသည်။

အသက်ရှင် ကျန်ရစ်များသူများအတွက် တရားမျှတမှုရရှိစေရေးကိုလည်း အမေရိကန်ပြည်ထောင်စုက ကြိုးပမ်းဆောင်ရွက်သွားမည်ဟု သိရသည်။

အမေရိကန်အနေဖြင့် မွတ်ဆလင်ဒုက္ခသည်များ ၎င်းတို့၏ ဆန္ဒအရ ဘေးကင်းစွာ၊ ဂုဏ်သိက္ခာရှိစွာဖြင့် မြန်မာနိုင်ငံသို့ ပြန်နိုင်ရေး ဆက်လက်ကူညီမည်ဟု ဆိုသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ