Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ- ကျန်ရစ်ခဲ့သည့် ကလေးငယ်များ။ ဓါတ်ပုံ ရဲနိုင်အောင်ထွေး

ကင်ဆာရောဂါဖြင့် ယမန်နေ့က ကွယ်လွန်သွားသည့် အသက် ၄၀ ကျော်အရွယ်ရှိ အမျိုးသမီးတစ်ဦးမှာ မွေးကင်းစ ကလေး တစ်ဦးနှင့် ကလေးငယ် ၅ ဦး ကျန်ရစ်ခဲ့ပြီး အရေးပေါ် နေထိုင်ရေး လိုအပ်နေကြောင်း ကူညီဆောင်ရွက်နေသူများက ပြောသည်။

ရခိုင်ပြည်၊ ဂွမြို့နယ် ပျော့ချောင်းကျေးရွာမှ ကလေး ၅ဦး မိခင်မှာ ကင်ဆာရောဂါဝေဒနာဖြင့် အောက်တိုဘာ ၃ ရက်နေ့ ညနေပိုင်းတွင် ကွယ်လွန်သွားကြောင်း ကလေးငယ်များကို လက်ရှိတွင် ကျေးရွာသားများက စောင့်ရှောက်ပေးထားရကြောင်း သိရသည်။

ဂွမြို့နယ်၊ ထာဝရမေတ္တာ နာရေးကူညီမှု အသင်းသားတစ်ဦးက “သူတို့အမေက ကင်ဆာ ဖြစ်နေတာကြာပြီ၊ ကင်ဆာ ဝေဒနာကို တော်တော်ကို ခံစားနေရတာပါ။ မနေ့က ညနေ ၅ နာရီကျော်မှာ ဆုံးရှာပါတယ်။ လူမမယ် ကလေး ၅ ယောက် ကျန်ခဲ့တယ်။ အဖေကလည်း မရှိဘူး။ ကြာပြီးလို့ ပြောတယ်”ဟုပြောသည်။

ရက်သားအရွယ် မေးကင်းစ ကလေးငယ်တစ်ဦးအပါအဝင် ကလေး ၅ဦးကို လက်ရှိတွင် ကျေးရွာသားများ ကူညီစောက်ရှောက်ထားပြီး ရေရှည်အတွက် အကူအညီများ လိုအပ်နေကြောင်း ပျော့ချောင်းကျေးရွာသားတစ်ဦးက ပြောသည်။

“ရွာမှာတော့ အခု ကြည့်ကြပ်ပြီးတော့ စောင့်ရှောက်ထားကြတာပေါ့လေ။ ဒါပေမယ့် ကလေးတွေအတွက် ရေရှည်ကတော့ မလွယ်ဘူး။ ကလေးတွေမှာလည်း အဖေကလည်း မရှိဘူး။ အမေက ဒီလိုဖြစ်နေတာ ကြာပြီ၊ အိပ်ရာမှာ လဲနေရတာ။ တော်တော်လေးကို အခက်အခဲဖြစ်လာမှာပါ”ဟုပြောသည်။

အဆိုပါ ကျန်ရစ်ခဲ့သော ကလေးငယ်များတွင် အသက် ၁၄ နှစ်အရွယ်တစ်ဦး၊ ၁၃နှစ်တစ်ဦး၊ ၉ နှစ်တစ်ဦး၊ ၆ နှစ်တစ်ဦး၊ ရက်ပိုင်းသာ ရှိသေးသည့် ကလေးငယ်တစ်ဦး ကျန်ရစ်ခဲ့ကြောင်း ဂွမြို့နယ်၊ ထာဝရမေတ္တာ နာရေးကူညီမှုအသင်းက ပြောသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ