Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
Ref: ဘန်ကောက်ပို့စ်/ဓါတ်ပုံ - AP, AFP, CJ

မြန်မာနိုင်ငံတွင် ရှည်ကြာနေသော ပြည်တွင်းစစ် ချုပ်ငြိမ်းစေရေးအတွက် အာဆီယံအစုအဖွဲ့အနေဖြင့် အဓိက အခန်းကဏ္ဍက ပါဝင်ပြီး ဖြေရှင်းပေးရန် လိုအပ်ကြောင်း ထိုင်းဝန်ကြီးချုပ်သစ် ပေထုန်တန်က ပြောသည်။

လာအိုနိုင်ငံမှာ မကြာခင်ရက်ပိုင်းအတွင်း ကျင်းပမည့် အာဆီယံခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးမတိုင်မီ ယမန်နေ့ အောက်တိုဘာ ၇ ရက် ဘန်ကောက်မြို့က အခမ်းအနားတစ်ခုတွင် ထိုင်းဝန်ကြီးချုပ်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

ရွေးကောက်ခံအရပ်သားအစိုးရကို စစ်တပ်က ဖြုတ်ချပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက မြန်မာနိုင်ငံသည် မငြိမ်မသက်ဖြစ်နေကြောင်းနှင့် အာဏာရစစ်အစိုးရကို လက်နက်ကိုင် တော်လှန်မှုအဖြစ်သို့ ပြောင်းလဲသွားကာ ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သည်။

မစ္စ ပေထုန်တန် (Paetongtarn) က “အာဆီယံအနေနဲ့ မြန်မာနိုင်ငံကို ငြိမ်းချမ်းရေး အမြန်ဆုံး ဖော်ဆောင်ရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

မြန်မာ့အရေး ပဋိပက္ခများအား ဖြေရှင်းနိုင်ရန် လာမည့်နှစ် အာဆီယံဥက္ကဌဖြစ်မည့် မလေးရှားနိုင်ငံနှင့်အတူ ထိုင်းနိုင်ငံက ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဆိုသည်။

မကြာခင်ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးတွင်လည်း မြန်မာ့အရေးဆုံးဖြတ်ချက်တစ်ခု ချမှတ်နိုင်ရန် တွန်အားပေးသွားမည့် အစီအစဉ်ရှိကြောင်းလည်း ထိုင်းဝန်ကြီးချုပ်က ပြောသည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း Srettha Thavisin ကလည်း မြန်မာနိုင်ငံက ပဋိပက္ခများ အမြန်ဆုံးပြေလည်စေရန် ဆန္ဒရှိပြီး “ညှိနှိုင်းရန် အချိန်တန်ပြီ” ဟု ပြီးခဲ့သည့် ဧပြီလက ရိုက်တာသတင်းဌာနကို ပြောဆိုခဲ့ဖူးသည်။

Five Point Consensus ဟု လူသိများသော အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) မှ ငြိမ်းချမ်းရေး ကြိုးပမ်းမှုသည် ၂၀၂၁ ခုနှစ် ဧပြီလတွင် ထုတ်ဖော်ပြသခဲ့ပြီး နောက်ပိုင်းတွင် တိုးတက်မှု အနည်းငယ်သာ ရှိခဲ့သည်။

အာဏာသိမ်း စစ်ကောင်စီသည် လက်ရှိပဋိပက္ခများ ဖြေရှင်းရန် လိုလားသော သဘာထားဆန္ဒများကို ထုတ်ဖော်မပြဘဲ အတိုက်အခံအင်အားစုများဖြင့် ဆွေးနွေးရန် ငြင်းဆိုကာ တော်လှန်ရေးအင်အားစု၊ ဒီမိုကရေစီအင်အားစုများကို အကြမ်းဖက်အဖြစ် ပုံဖော်နေသည်။

လူသားချင်းစာနာထောက်ထားမှုအကူအညီများ လိုအပ်နေသော မြန်မာနိုင်ငံတွင် လူ ၅၅ သန်း၏ သုံးပုံတစ်ပုံကို ချန်လှပ်ထားခဲ့သည့် ပဋိပက္ခသည် လာအိုစုဝေးပွဲ၌ အစီအစဉ်တကျ မြင့်မားလာမည်ဖြစ်သည်။

အာဏာသိမ်း စစ်ကောင်စီအဖွဲ့သည် အာဆီယံနိုင်ငံများအတွင်း ကနဦးသဘောတူထားသည့် ငြိမ်းချမ်းရေးအစီအစဉ်ကို လိုက်နာရန် ပျက်ကွက်မှုနှင့်ပတ်သက်၍ အာဆီယံထိပ်သီးအစည်းအဝေးများမှ စစ်အစိုးရခေါင်းဆောင်များကို ဆက်လက်တားမြစ်ထားသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ