Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ကျောက်ဖြူ ကျောက်တစ်လုံး မွတ်ဆလင်ဒုက္ခသည်စခန်း (ဟောင်း/အသစ်) အား တွေ့ရစဉ်။ (ပုံဟောင်းဖြစ်သည်)/ဓါတ်ပုံ-MOI,ကိုဖြူချေ

ရခိုင်ပြည် ကျောက်ဖြူမြို့နယ် ကျောက်တစ်လုံး မွတ်ဆလင်ဒုက္ခသည်စခန်းတွင် စားနပ်ရိက္ခာပြတ်လပ်နေပြီး အပြင်ထွက် လုပ်ကိုင်စားသောက်ခြင်းလည်း မရရှိကြောင်း ဒုက္ခသည်များက ပြောသည်။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP မှ ထောက်ပံ့မှု မရရှိသည်မှာ ၅ လခန့် ကြာမြင့်နေပြီဟု မွတ်ဆလင်ဒုက္ခသည်တစ်ဦးက ပြောသည်။

” စခန်းမှာ စားဝတ်နေရေးက အရမ်းအခက်အခဲဖြစ်နေပါတယ်။ WFP ကလည်း မထောက်ပံ့တာ ၅ လလောက်ရှိနေပါပြီ။ အရင်ကတော့ WFP က လစဉ်ထောက်ပံ့ခဲ့ပါတယ်။ အခု ထောက်ပံ့မှု မရှိတော့ ထမင်းငတ်နေကြပါပြီ။ အပြင်ထွက်ပြီး လုပ်ကိုင်စားသောက်ဖို့ကလည်း အပြင်ထွက်ခွင့်မရဘူး။ ရေရှည်မှာ ထမင်းငတ်ပြီ လူတွေ အားလုံး သေသွားနိုင်ပါတယ်။ ” ဟု ပြောသည်။

WFP က လစဉ်ထောက်ပံ့ငွေ ပေးခဲ့သည့်အချိန်ကလည်း မိသားစု စားဝတ်နေရေး ဖုံလုံမှုမရှိ၍ ကျောက်ဖြူမြို့တွင်းနှင့် စခန်းအနီးအနား ပတ်ဝန်းကျင်တွင် သန့်ရှင်းရေးလုပ်၊ အပင်ခုတ်၊ ဟင်းရှာ၊ ငါးရှာ လုပ်ကိုင်စားသောက် ခဲ့ရပြီး လက်ရှိတွင် လုံးဝအပြင်ထွက်ခွင့်မရကြပေ။

ကျောက်တစ်လုံး မွတ်ဆလင်ဒုက္ခသည်စခန်းသည် ကျောက်ဖြူမြို့အဝင် စစ်ကောင်စီ စစ်ရေးဂိတ်အနီးတွင် ရှိပြီး အဆိုပါဂိက ဈေးဝယ်ခုတည်းအတွက်သာ မြို့ထဲသို့ ဝင်ခွင့်သွားလာခွင့်ပေးကြောင်း ဒုက္ခသည်များက ဆိုသည်။

စားနပ်ရိက္ခာပြတ်လပ်မှုနှင့်အတူ ကျန်းမာရေးစောင့်ရှောက်မှုလည်း မခံယူရကြောင်း နောက်ထပ် မွတ်ဆလင်ဒုက္ခသည် အမျိုးသမီးတစ်ဦးက ပြောသည်။

” အခု ကျမတို့ ရင်ဆိုင်နေရတာက စားနပ်ရိက္ခာတစ်ခုတည်း ပြတ်လပ်နေတာ မဟုတ်ဘူး။ ကျန်းမာရေးလည်း တော်တော်လေးကို ဆိုးဝါးနေတာရှိပါတယ်။ ရာသီတုပ်ကွေးဖြစ်တာ၊ ဖျားတာ၊ သောက်သုံးရေး မသန့်ရှင်းလို့ ဝမ်းရောဂါဖြစ်နေတာ၊ အိမ်သာ တွေ ပျက်စီးနေတာကြောင့်လည်း နေမကောင်းဖြစ်နေတာတွေ အများကြီးပါပဲ။ နေမကောင်း ဆေးမကုရလို့ သေဆုံးသူတွေလည်း ရှိလာနေပါတယ်။ ” ဟု ပြောသည်။

ပြီးခဲ့သည့် ၁၅ ရက်ခန့်က ကျောက်ဖြူ ကျောက်တစ်လုံး ဒုက္ခသည်တွင် အချိန်မီ ဆေးကုသမှု မခံယူရသောကြောင့် ရိုးရိုးဖျားရာကနေ ငှက်ဖျားပိုးဝင်ပြီး အသက် ၁၃ နှစ်အရွယ် အမျိုးသား ကလေးငယ်တစ်ဦးက သေဆုံးသွားရသည်ဟု ဒုက္ခသည်များက ဆိုသည်။

ကျောက်တစ်လုံး မွတ်ဆလင်ဒုက္ခသည်စခန်းသည် ကျောက်ဖြူမြို့ တောင်ဘက် ၃ မိုင်ခန့်အကွာတွင် တည်ရှိပြီး အိမ်ထောင်စု ၃၀၀ ခန့်ရှိကြောင်း သိရသည်။

ကျောက်တစ်လုံး ဒုက္ခသည်စခန်းကဲ့သို့ ရခိုင်ပြည်အတွင်း ပေါက်တော၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ ကျောက်တော်၊ ဘူးသီးတောင်ဒေသရှိ မွတ်ဆလင်များမှာ စားဝတ်နေရေး အလွန်ကျပ်တည်းနေကြကြောင်း စုံစမ်းသိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ