Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

(မကြာမီ စပါးပေါ်ချိန် ရခိုင်ပြင်ပဈေးကွက် တင်ပို့နိုင်ရေး မျှော်လင့်နေကြ)

ရခိုင်တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်က စိုက်ပျိုးရိတ်သိမ်းထားသည့် စပါးများကို လက်ရှိအချိန်ထိ ရောင်းမထွက်နိုင်ကြသေးပဲရှိနေကြောင်း လယ်သမားများက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်မိုးစပါးပေါ်ချိန်တွင် တစ်ပြည်လုံးအတိုင်းတာအနေဖြင့် တိုက်ပွဲများဖြစ်ပွားနေခဲ့ရာမှ ဆန်စပါးအရောင်းဝယ်များရပ်တန့်ခဲ့ရသည့်အတွက် စပါးများမှာ ရောင်းမထွက်ဘဲကျန်နေကြရခြင်းဖြစ်သည်ဟု စစ်တွေမှ ဆန်စပါးအရောင်းဝယ်လုပ်ကိုင်သူတစ်ဦးကပြောသည်။

“ပုံမှန်ဆို ဒီဖက်ဆန်စက်တွေက နယ်ကစပါးဝယ်ပြီး ပြည်မကို ဆန်တွေ အဓိကတင်ပို့တာတွေလုပ်တယ်။ တိုက်ပွဲဖြစ်တော့ လမ်းတွေအားလုံးကလည်း အပိတ်ခံလိုက်ကြရတယ်လေ။ အဲ့နောက်ပိုင်း ဆန်စပါးအရောင်းဝယ်ကမဖြစ်တော့ ဆန်စက်တွေလည်း ပိတ်လိုက်ကြရတာ။ အဲ့တော့ ပြီးခဲ့နှစ်ကမိုးစပါးက ဘယ်မှမရောက်ဘဲ လယ်သမားတွေဆီမှာပဲ သောင်တင်ကျန်နေတာ” ဟုပြောသည်။

စပါးများရောင်းမထွက်ကြသည့်အတွက် လယ်သမားများမှာ များစွာကျပ်တည်းနေကြပြီး ယခုနှစ် မိုးစပါးပေါ်ချိန်တွင်လည်း ထိုကဲ့သို့ရောင်းမထွက်ဖြစ်နေပါက လယ်ယာများဆက်လက်လုပ်ကိုင်ကြရန်ပင် အခက်တွေ့နိုင်သည်ဟု ပုဏ္ဏားကျွန်းမြို့နယ်က လယ်သမားတစ်ဦးကဆိုသည်။

“စပါးက ရောင်းမထွက်။ ရောင်းထွက်ပြန်ရင်လည်း စျေးကမရနဲ့ ဒီနှစ်က လယ်သမားတွေအတွက် အခက်ခဲဆုံးလိုဖြစ်နေတယ်။ စပါးရောင်းမထွက်လို့ လယ်ယာမြေတွေကို မြေသြဇာလည်းကောင်းကောင်း မထည့်နိုင်ကြဘူး။ ဒီနှစ်မိုးစပါးကို အားခဲပြီးစိုက်ပျိုးထားကြရတာ။ စပါးပေါ်ချိန်မှာလည်း စပါးကဒီအတိုင်းရောင်းမထွက်ဘဲနေရင် နောက်နှစ်စပါးထပ်စိုက်ကြဖို့ဆိုတာမဖြစ်နိုင်တော့ဘူး” ဟုပြောသည်။

ထိုကြောင့် ရခိုင်တောင်သူလယ်သမားများမှာ မကြာမီ စပါးပေါ်ချိန်ဖြစ်၍ ဆန်စပါးများကို ရခိုင်ပြင်ပသို့ တင်ပို့ရောင်းချနိုင်ရေး မျှော်လင့်နေကြောင်း မြောက်ဦးလယ်သမားတစ်ဦးက ပြောသည်။

” တကယ်လို့ ရခိုင်နှင့် ပြည်မအစပ် မြို့တွေ အဓိက အမ်း၊ ဂွနဲ့ ရေကြောင်းလမ်းတွေကို စစ်ကောင်စီက ဆက်လက် ထိန်းချုပ်ထားဆဲဆိုရင် ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယဘက်ကို ကုန်သွယ်နိုင်အောင် AA က စီစဉ်ပေးသင့်တယ်။ လယ်သမားတွေက မျှော်လည်းမျှော်လင့်နေကြပါတယ်။ ပြည်တွင်းဈေးကွက်နဲ့တော့ အရင်းအနှီး ကိုက်မှာ မဟုတ်ဘူး။ ပြည်တွင်း စားသုံးဖို့ ဆန်စပါးက လုံလုံလောက်လောက်တော့ ရှိမှာပေါ့လေ။ ရခိုင်ပြင်ပက ဈေးကောင်းရတဲ့ ဈေးကွက်တွေကို မရောင်းနိုင်ဘူးဆိုရင် လာမယ့်နှစ် စိုက်ပျိုးဖို့ သွင်းအားစုစရိတ်ကို တတ်နိုင်မှာ မဟုတ်ဘူး။ ” ဟု ပြောသည်။

ရခိုင်တွင် နှစ်စဉ်မိုးနှောင်းကာလပိုင်းတိုင်းတွင် စပါးစျေးကောင်းရတတ်ပြီး ယခု ၂၀၂၄ ခုနစ် မိုးနှောင်းကာလတွင်မူ စပါးတောင်း ၁၀ဝ ကို ကျပ် ၆ သိန်းခွဲခန့်လောက်သာ ရရှိကြကာ အဆိုပါစျေးဖြင့်ပင် ဝယ်ယူသူများမှာ မရှိသလောက်နည်းပါးကြောင်း သိရသည်။

ရခိုင်တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာ နောက်ဆုံးပတ်ထဲကစ၍ အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ စတင်ခဲ့ရာမှ စစ်ကောင်စီဖက်က ရခိုင်တပြည်နယ်လုံးရှိ ကုန်စည်စီးဆင်းရာလမ်းကြောင်းအားလုံးကို ပိတ်ဆို့ခဲ့ပြီးနောက် ဆန်စပါးအရောင်းဝယ်လုပ်ငန်းများမှာလည်း ရပ်တန့်သွားခဲ့ရပြီး ဒေသတွင်းစပါးများမှာ ရောင်းမထွက်တော့ဘဲ ရှိနေကြရခြင်းဖြစ်သည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ