Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ကုလသမဂ္ဂအထူးစုံစမ်းရေးမှူး Mr. Tom Andrews နှင့် NUG ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်၊ CRPH/NUG Support Group Ausrialia National Team တို့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့တွင် သြစတေးလျနိုင်ငံ ကင်ဘရာမြို့၌ တွေ့ဆုံခဲ့ကြသည်။

မြန်မာနိုင်ငံအနှံ့ အရပ်သားများနှင့် တော်လှန်ရေးအဖွဲ့များအား နေ့စဉ် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်နေသော အာဏာသိမ်း စစ်ကောင်စီအတွက် လေယာဉ်ဆီကို ဗီယက်နမ်နိုင်ငံက အဓိက တင်ပို့ရောင်းချနေကြောင်း ကုလသမဂ္ဂအထူးစုံစမ်းရေးမှူး Mr. Tom Andrews က ပြောသည်။

ကုလသမဂ္ဂအထူးစုံစမ်းရေးမှူး Mr. Tom Andrews နှင့် အမျိုးသားညီညွတ်ရေးအစိုးရ ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်၊ သြစတေးလျနိုင်ငံဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေ၊ CRPH /NUG Support Group Ausrialia National Team တို့နှင့် အောက်တိုဘာလ ၁၀ ရက်နေ့တွင် သြစတေးလျနိုင်ငံ ကင်ဘရာမြို့၌ တွေ့ဆုံခဲ့ကြသည်။

ထိုတွေ့ဆုံပွဲတွင် စစ်ကောင်စီအား ပိတ်ဆို့အရေးယူမှုနှင့် ပတ်သက်၍ ကုလသမဂ္ဂအထူးစုံစမ်းရေးမှူး Mr. Tom Andrews က ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ကြောင်း NUG က ယနေ့ အောက်တိုဘာ ၁၁ ရက်တွင် ထုတ်ပြန်သည်။

” စစ်ကောင်စီအား လက်နက်ခဲယမ်း တင်ပို့ရောင်းချမှုတစ်ချို့ကို တားဆီးလျော့ချနိုင်ခဲ့ပြီး၊ ဆက်လက်ပြီးလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ စင်္ကာပူနိုင်ငံအနေဖြင့် စစ်ကောင်စီကို ပံ့ပိုးနေမှုကို ၉၀% ခန့်ထိ လျော့ချနိုင်ခဲ့ကြောင်း၊ လေယာဉ်ဆီ တင်ပို့ရောင်းချမှုကို ဗီယက်နမ်မှ အဓိက တင်ပို့ရောင်းချနေသဖြင့် ဗီယက်နမ်အနေဖြင့် ပိတ်ဆို့အရေးယူဖို့ တိုက်တွန်းပြောကြားသွားမည်ဖြစ်ကြောင်း” ဟု Tom Andrews က ဆိုသည်။

ဩစတေးလျအစိုးရကိုလည်း စစ်အုပ်စုအား ပိတ်ဆို့အရေးယူရန်နှင့် Universal Jurisdiction မှတဆင့် အရေးယူဆောင်ရွက်ပေးရန် တိုက်တွန်းပြောကြားခဲ့ကြောင်း ၎င်းက ပြောသည်။

စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲသည် အတုအယောင်သာဖြစ်ပြီး စစ်အာဏာရှင် အာဏာ တည်မြဲရေးအတွက် ပြုလုပ်နေခြင်းဖြစ်၍ နိုင်ငံတကာအစိုးရများအနေဖြင့် ကန့်ကွက်ရန် လုပ်ဆောင်ရန်လိုအပ်ကြောင်း Tom Andrews က ပြောသည်။

“စစ်ကောင်စီကို လေယာဉ်ဆီတင်ပို့နေတဲ့ ကုမ္ပဏီ အဖွဲ့အစည်းတွေကို အသေးစိတ်စုံစမ်းစစ်ဆေးကာ ဖိအားပေးအရေးယူမှုတွေ လုပ်ဆောင်သွားမယ်” ဟု ပြောသည်။

မြန်မာ့အရေးအပေါ် တရုတ်အစိုးရ၏ စွက်ဖက်မှုကိုလည်း နိုင်ငံတနိုင်ငံ၏ အချုပ်အခြာအာဏာကို အခြားနိုင်ငံမှ စွက်ဖက်နေခြင်းကို ကန့်ကွက်ကြောင်း ကုလသမဂ္ဂအထူးစုံစမ်းရေးမှူး Mr. Tom Andrews က ဆိုသည်။

ဂျပန်နိုင်ငံအနေဖြင့် စစ်ကောင်စီအပေါ် သံတမန်ဆက်ဆံရေးလျော့ချမှုများ ပြုလုပ်လာနိုင်ရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတွင်လည်း တိုက်တွန်းနိုင်ခဲ့ကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ