Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

မန္တလေးတိုင်း မတ္တရာမြို့နယ် ဝေါစုကျေးရွာက စစ်ရှောင်စခန်း လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရ၍ စစ်ရှောင် ၁၂ ဦးသေဆုံးခဲ့ရကြောင်း အောက်တိုဘာ ၁၁ ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်သည်။

အောက်တိုဘာ ၁၁ ရက် နေ့လယ် ၁ နာရီခွဲအချိန်တွင် ဝေါစုကျေးရွာရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သေဆုံးသူများထဲတွင် ကလေးငယ်များ၊ အမျိုးသမီးများနှင့် သံဃာတော်များ ပါဝင်ပြီး စစ်ကောင်စီ၏ ပြည်သူအပေါ် ရက်စက်ကြမ်းကြုတ်မှုများအား နိုင်ငံတကာက အရေးယူသင့်ပြီဟု မန္တလေးပြည်သူတစ်ဦးက တောင်းဆိုသည်။

ဝေါစုစစ်ရှောင်စခန်းသည် စစ်ရေးမသက်ဆိုင်သော နေရာဖြစ်သည့်အပြင် တိုက်ပွဲလည်းမရှိကြောင်းနှင့် စစ်ရေးနှင့်မသက်ဆိုင်သော နေရာကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခြင်းသည် ဂုဏ်သိက္ခာအကင်းမဲ့ဆုံး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ခြင်းဖြစ်ကြောင်း မန္တလေး PDF က ထုတ်ပြန်ထားသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ