Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ပင်လည်ဘူးမြို့ကို ရောက်ရှိလာစဉ်။

အောက်တိုဘာ ၈ ရက်နေ့တွင် သိမ်းပိုက်ထားသော စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့ကို NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် အောက်တိုဘာလ ၁၀ ရက်နေ့က သွားရောက်ခဲ့သည်။

မြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့သော အောင်ပွဲရ ရဲဘော်များအား ဦးရည်မွန်တွေ့ဆုံခဲ့ပြီး ရဲဘော်များအား အားပေးစကားပြောကြားခဲ့ကြောင်းနှင့် ပင်လည်ဘူးမြို့အား စစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။

ယင်းအပြင် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ချ အညံ့ခံတပ်သား စစ်သုံ့ပန်းများကိုလည်း တွေ့ဆုံခဲ့ပြီး လိုအပ်သည်များ မှားကြားခဲ့ကြောင်း သိရသည်။

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ် PDF များနှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တို့က ဩဂုတ်လ ၁၅ ရက်နေ့တွင် စတင်ခဲ့ပြီး အောက်တိုဘာလ ၈ ရက်နေ့တွင် NUG က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ပွဲမှ စစ်သုံ့ပန်း ၁၀၂ ဦးကို ဖမ်းဆီးရမိပြီး စစ်ကောင်စီတပ်သား ၇၀ ဦးခန့် သေဆုံးကာ ၂၇၅ ဦးပျောက်ဆုံး၍ ၂၂၅ ဦး ထိခိုက်ဒဏ်ရာရှိသွားကြောင်း NUG က ဆိုသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ